Employee Handbook

Balance & Growth Solutions Employee Handbook 25 December 2025

B&G_PMM

CEO ၏ နှုတ်ခွန်းဆက်လွှာ

B&G Company Limited မှ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။

ဝန်ထမ်းများအားလုံးကို B&G Company Limited မှ ကြိုဆိုနှုတ်ခွန်းဆက်သအပ်ပါကြောင်း နှင့် လက်ရှိ လုပ်ငန်းခွင် တွင်လုပ်ကိုင်ဆောင်ရွက်မှုများနှင့် အနာဂတ်တွင် အောင်မြင်မှုများရရှိပါစေ ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ဝန်ထမ်းများအားလုံး ကြိုးစားအားထုတ်မှုများကြောင့် B&G Company Limited ၏လုပ်ငန်းများ တိုးတတ်အောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အတွက် ဝန်ထမ်းများအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူကြလိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဤဝန်ထမ်းလက်ဆွဲ စာအုပ်သည် B&G Company Limited ၏ စီမံအုပ်မှုအောက်တွင် တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအားလုံးအနေဖြင့် ကုမ္ပဏီမှ ချမှတ်ထားသောမှုဝါဒများ၊ လုပ်ထုံးလုပ် နည်းများ၊ အကျိုးခံစားခွင့်များ၊ စည်းကမ်းချက်များ၊ အ‌ရေးယူဆောင်ရွက်မည့် ပြစ်ဒဏ်များ အားရှင်းလင်းစွာ သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် စည်းကမ်းတကျ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ပိုမိုထူးချွန်သော ဝန်ထမ်းကောင်းများပေါ်ပေါက် လာစေရေး တို့အတွက် ရည်ရွယ်ပြီး ပြုစုရေးဆွဲ ထားခြင်းဖြစ်ပါသည်။

ဝန်ထမ်းများ အားလုံးအနေဖြင့် B&G Company Limited ၏ မူဝါဒ သဘောထား နှင့် ရှေ့လုပ်ငန်းစဉ် များကို နားလည်သဘောပေါက်ပြီး တာဝန်ထမ်းဆောင်ရာတွင် ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များ ကိုဆောင်ရွက်နိုင်ရန် ဤဝန်ထမ်းလက်ဆွဲစာအုပ်မှ ကူညီလမ်းညွှန်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

ဝန်ထမ်းများ အားလုံးအနေဖြင့် ယခင် လုပ်ကိုင်ဆောင်ရွက် ခဲ့သောအတွေ့အကြုံကောင်းများ နှင့် မိမိတို့၏ ကျွမ်းကျင်မှုများကို B&G Company Limited တွင် အသုံးချပြီး ပိုမိုကောင်းမွန်‌သော အတွေ့အကြုံသစ်များ၊ အောင်မြင်ပျော်ရွှင်များ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ယုံကြည်စွာဖြင့် 

U Htay Aung  

(CEO at B&G Solutions)                                                                             

                                                                                                                                                             

အခန်း(၁)

ဝန်ထမ်းလက်ဆွဲစာအုပ်ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်

(၁.၁) ဝန်ထမ်းရေးရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်

၁။ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီမှ ချမှတ်ထားသော မိမိတို့ရရှိနိုင်မည့် အကျိုးခံစားခွင့်များ နှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းပိုင်းဆိုင်ရာများကို သေချာစွာသိရှိစေရန် ရည်ရွယ် ပါသည်။

၂။ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအား ပူးပေါင်းဆောင်ရွက်ရန်၊ နည်းစနစ်ကျစေရန် နှင့် ပေးအပ်ထားသော တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ပြီး စိတ်ပျော်ရွှင်မှုများ ရရှိစေရန် ရည်ရွယ်ပါသည်။

၃။ကုမ္ပဏီတစ်ခုလုံး၏ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုနှင့် ပတ်သတ်သော မူဝါဒများ၊ လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းစွာသိရှိထားသည့် အတွက် ကုမ္ပဏီ အဖွဲ့အစည်းနှင့် ပတ်သတ်သော ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို ကောင်းမွန်စွာသိရှိပြီး အမှားများ မဖြစ်ပေါ်စေရန် နှင့် သတ်မှတ်စည်းကမ်းနှင့် ပြစ်ဒဏ် ၊ အရေးယူဆောင်ရွက်မှုများကို ဝန်ထမ်းများ အနေဖြင့် ကြိုတင်သိရှိပြီး စည်းကမ်း ချိုးဖောက်မှုများ ၊ ပြစ်မှုကျူးလွန်းခြင်းများ လျော့နည်း ပပျောက် သွားစေရန် ရည်ရွယ်ပါသည်။

(၁.၂)ဝန်ထမ်းလက်ဆွဲစာအုပ်ဆိုင်ရာသိရှိရမည့် အချက်များနှင့် လိုက်နာကျင့်သုံးရမည့် အချက်

၁။ဤစာအုပ်သည် ကုမ္ပဏီပိုင် လျှိုဝှက် စာရွက်စာတမ်း တစ်ခု ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီ နှင့် မသက်ဆိုင်သော ပြင်ပရှိသူများထံသို့ မရောက်ရှိစေရန် ဝန်ထမ်းတိုင်းမှ ထိန်းသိမ်း ဆောင်ရွက်ရမည့် အချက်ကို တာဝန်သိစွာ လိုက်နာဆောင်ရွက်ပေးရမည်။

၂။လက်စွဲစာအုပ်တွင်ပါဝင်သော မူဝါဒ နှင့် လုပ်ထုံးလုပ်နည်းများသည် B&G Company Limited ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ဝန်ထမ်းများ အားလုံးနှင့် သက်ဆိုင်ပါသည်။

အခန်း(၂)

လူ့စွမ်းအားအရင်းအမြစ်စီမံခံခွဲမှု

(၂.၁) ဝန်ထမ်း ခန့်အပ်မှုဆိုင်ရာ လိုအပ်ချက်များ

B&G Company Limited တွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းတိုင်းသည် အောက်ဖော်ပြပါ အချက်များနှင့် ပြည့်စုံမှု ရှိရပါမည်။

၁။နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီး အသက်(၁၈)နှစ် ပြည့်ပြီးသောသူ ဖြစ်ရမည်။

၂။သက်ဆိုင်ရာဌာနအလိုက်သတ်မှတ်ထားသော ရာထူးများနှင့် ကိုက်ညီသည့် ပညာအရည် အချင်းနှင့် ပညာရေးဆိုင်ရာ အထောက်အထားများ ရှိရမည်။

၃။ကျန်းမာရေးဆိုင်ရာများ ကောင်းမွန်သူဖြစ်ရမည်။

၄။နိုင်ငံတော်မှ ပြဒါန်းထားသော တရားဥပဒေနှင့် ငြိစွန်းသောသူများ ၊ အမှုအခင်းများ ရင်ဆိုင် နေသူများ မဖြစ်စေရ။

၅။မိမိ၏ ကိုယ်ရေးအကျဉ်း နှင့်ဆက်စပ်သော အချက်အလက်စာရွက်စာတမ်းများ သည် မှန်ကန် မှုရှိရမည်။

၆။တင်ပြထားသော ကိုယ်ရေးအကျဉ်းနှင့် သက်ဆိုင်သော အချက်အလက် စာရွက်စာတမ်း များမှာ အတုအယောင် စာရွက်စာတမ်းဖြစ်နေပါက (သို့) လွဲမှားသော ဖော်ပြချက် တစ်စုံ တစ်ရာပါရှိပါက ကုမ္ပဏီမှ ချုပ်ဆိုပြီးဖြစ်သော အလုပ်ခန့်အပ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်အား ရပ်ဆိုင်းပြီး ဝန်ထမ်းအား အလုပ်တာဝန်များမှ ချက်ချင်း ရပ်စဲမည်။

၇။ကုမ္ပဏီအနေဖြင့် လိုအပ်ပါက ယခင်လုပ်ခဲ့ သည့်အလုပ်များမှ ထောက်ခံစာအား တင်ပြ နိုင်ရ မည်။

(၂.၂) ဝန်ထမ်းခန့်အပ်ခြင်း အမျိုးအစားများ

မူဝါဒ ( Policy )

ကုမ္ပဏီ၏ မှ ချမှတ်ထားသော ရည်ရွယ်ချက်၊ ဆောင်ပုဒ် နှင့် ရည်မှန်းချက်တို့သည် ဝန်ထမ်း အမျိုးအစားအားလုံးနှင့် သက်ဆိုင်မှုရှိပါသည်။ ဝန်ထမ်းအမျိုးအစားများသည် ၄င်းတို့ ၏ရရှိသော ခံစားမှုများ၊ အကျိုးအမြတ်များ နှင့် ထမ်းဆောင်သောတာဝန် များပေါ်မူတည်ပြီး ခွဲခြားထားပါသည်။

ဝန်ထမ်းအမျိုးအစားများကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

1.အစမ်းခန့် ဝန်ထမ်းအဖြစ် ခန့်ထားခြင်း

2.အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားခြင်း

3.ယာယီဝန်ထမ်း၊နေ့စားဝန်ထမ်း အဖြစ်ခန့်ထားခြင်း

4.စာချုပ်ဝန်ထမ်းအဖြစ် ခန့်ထားခြင်း

(၂.၂.၁) အစမ်းခန့်ဝန်ထမ်းအဖြစ်ခန့်ထားခြင်း

မူဝါဒ (Policy)

၁။အချိန်ပြည့်ဝန်ထမ်းသစ်များ အားလုံး သည် အစမ်းခန့်ကာလ (၃)လ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ အစမ်းခန့်ကာလအတွင်း ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု နှင့် စွမ်းဆောင်ရည်များသည် တိုးတတ်အားရမှု မရှိပါက အစမ်းခန့်ကာလာအား (၁) လ တိုးမြှင့်နိုင်သည်။

၂။ဝန်ထမ်းများ၏ လုပ်သက်တွက်ချက်ခြင်းကို အစမ်းခန့်ဝန်ထမ်းအဖြစ် စတင်ဝင်‌ရောက် သည့်နေ့မှ စ၍ စတင်ရေတွက်မည်။

၃။အစမ်းခန့် ဝန်ထမ်းများအား အစမ်းခန့်ကာလအတွင်း ၄င်းတို့၏လုပ်ငန်းပိုင်း စွမ်းဆောင် ရည်နှင့် အစမ်းခန့်ကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ကို တိုက်ရိုက် ကြီးကြပ်သူ (သို့) ဌာနအကြီးအကဲမှ Feedback ပေးခြင်း တာဝန်ကို ဆောင်ရွက်ရမည်။

၄။People Management ဌာနမှ သက်ဆိုင်ဌာန အကြီးအကဲမှအား အစမ်းခန့်ကာလနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ နှင့် လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို ပံ့ပိုးပေးရမည် ဖြစ်သည်။

၅။အစမ်းခန့်ကာလအတွင်း စွမ်းဆောင်ရည်မကောင်း၍ ဆက်လက်ခန့်ထားခြင်း အတွက် မသင့် လျော်သူအား ကုမ္ပဏီမှ ရာထူး လျှော့ချခြင်း (သို့မဟုတ်) (၁)ပတ် ကြိုတင် အကြောင်းကြားပြီး အလုပ်မှ ရပ်စဲခြင်းပြုလုပ်မည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။ကုမ္ပဏီ၏ဌာနတွင်း ဝန်ထမ်းအင်းအားလိုချက်ရှိလာပါက ဌာနအကြီးအကဲသည် ဝန်ထမ်း အင်အားတောင်ခံလွှာပုံစံ တွင် အချက်အလက်များ အပြည့်အစုံအားဖြည့် ပြီး People Management ဌာနနှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ရမည်။ ပြီးနောက် People Management ဌာနမှ CEO ထံသို့ လျှောက်လွှာပေးပို့ပြီး ခွင့်ပြုချက်လက်မှတ်ယူရမည်။

၂။CEO ထံမှ ခွင့်ပြုချက်ရပြီးသည့်နောက်တွင် People Management ဌာနမှ အလုပ်ကြေငြာစာပြင်ဆင်ပြီး ခေါ်ယူမည့် အလုပ်နှင့်ကိုက်ညီမှုရှိသော နေရာများတွင် အသိပေး ကြေငြာရမည်ဖြစ်သည်။

၃။People Management ဌာနမှ အလုပ်လာရောက်လျှောက်ထားသော လျှောက်လွှာများအား ပဏာမ စိစစ်‌ရွေး ချယ်ပြီး ရွေးချယ်ခံရသောလျှောက်လွှာများအား ဖုန်းဖြင့်ဆက်သွယ်ကာ လစ်လပ်ရာထူး၏ အခြေခံ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးမေးမြန်းမှုပြုလုပ်ရမည်။

၄။အခြေခံ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသော လျှောက်လွှာများသာ လူတွေ့ အင်တာဗျူး ရန်ရွေး ချယ်ရမည်။

၅။လူတွေ့ အင်တာဗျုးလာဖြေမည့် သူများသည် သက်မှတ်ထားသော စာရွက်စာတမ်း များကို (မိတ္တူ နှင့် PDF ဖိုင် )တစ်ပါတည်း ယူဆောင်လာရပါမည်။

a. Passport Size Photo - ၂ ပုံ

b. နိုင်ငံသားစိစစ်ရေးကဒ်ပြား - မိတ္တူ

c. ပညာအရည်ချင်းထောက်ခံစာ - မိတ္တူ

d. Recommendation ✉ Letter - မိတ္တူ

e. အိမ်ထောင်စုစာရင်း - မိတ္တူ

မှတ်ချက်။ ။အလုပ်လျှောက်ထားချိန်တွင် အထက်ပါစာရွက်စာတမ်းများ မပါရှိပါကလဲ အလုပ်လျှောက်ထားခြင်းကိုလက်ခံ ထားရှိပြီးနောက် အလုပ်ခန့်ချိန်တွင် လိုအပ်ပါက ပြန်လည်တောင်းခံမည်။

၆။အစမ်းခန့်ဝန်ထမ်းသစ်များ အားလုပ်ငန်းခွင် စတင်ဝင်‌ရောက်သည့် နေ့မှစပြီး (၁)ပတ် အတွင်း ဝန်ထမ်းသစ် လုပ်ဆောင်ရမည့်တာဝန်နှင့် ရှိသင့်သည့် လုပ်ငန်းစွမ်းဆောင်ရည်များ ကိုသက်ဆိုင်ရာဌာနအကြီးအကဲသည် People Management ဌာန နှင့်အတူ ဝန်ထမ်းသစ်အား တွေ့ဆုံဆွေးနွေး ရမည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုမျိုးကို အစမ်းခန့်ကာလာအတွင်း တစ်လ (၁) ကြိမ် သက်ဆိုင်ရာ ဌာနအကြီးအကဲသည် People Management ဌာန နှင့် အတူ ဝန်ထမ်းသစ်၏တာဝန်၊ ဆက်စပ်လုပ်ကိုင်ရမည့် ဌာနနှင့် လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ဆောင်နိုင်မှုစွမ်းရည်နှင့် ပတ်သက်သောမျှော်မှန်းချက် များကို ဆွေးနွေးမှုပြုလုပ်ရမည်။

၇။စွမ်းဆောင်ရည်ကောင်းမွန်ပြီး လုပ်ငန်းခွင် အဆင်ပြေသော ဝန်ထမ်းအား အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်အပ်မည်။

၈။ကုမ္ပဏီအနေဖြင့် လုပ်ငန်းခွင် အဆင်ပြေမှု မရှိသော ဝန်ထမ်းအား အစမ်းခန့်ကာလ အတွင်း(၁)ပတ် ကြိုတင်အကြောင်းကြား၍ အစမ်းခန့်ဝန်ထမ်းအဖြစ်မှ ရပ်စဲမည်ဖြစ်သည်။ နောက်ဆုံး အလုပ်ဆင်းသည့်ရက်တွင် လုပ်ခလစာ တွက်ချက်ကာ ဝန်ထမ်းအားပေးမည်။

(၂.၂.၂) အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း

မူဝါဒ (Policy)

၁။ အစမ်းခန့်ကာလ အောင်မြင်စွာပြီးဆုံးသော ဝန်ထမ်းကို အမြဲတမ်းဝန်ထမ်းအဖြစ် အတည် ပြုခန့်ထားမည်ဖြစ်သည်။

၂။ အတည်ပြုဝန်ထမ်း၏ လုပ်ဆောင်မှုစွမ်းရည်တိုးတတ်လာစေရန် လိုအပ်သည့် လုပ်ငန်းခွင် တွင်းသင်ကြားမှုများ ဆက်လက်လုပ်ဆောင်ပေးခြင်းနှင့် စွမ်းဆောင်ရည်အား အနီးကပ် အကဲဖြတ်ခြင်းကိစ္စရပ် များကို သက်ဆိုင်ရာဌာနအကြီးအကဲများမှ လုပ်ဆောင်ပေးရမည်။

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ အတည်ပြုဝန်ထမ်းများတွက် အတည်ပြုဝန်ထမ်းခန့်အပ်မှုပုံစံ တွင် လက်မှတ်ရေးထိုးရ မည်ဖြစ်ပြီး ဝန်ထမ်း၏ ကိုယ်ရေးမှတ်တမ်းဖိုင်တွင် ထည့်သွင်းထားရမည်။

(၂.၂.၃) နေ့စားဝန်ထမ်း အဖြစ်ခန့်ထားခြင်း

မူဝါဒ (Policy)

၁။လုပ်ငန်းလိုအပ်ချက်အရ တစ်နေ့လျှင်အလုပ်ချိန်တစ်ခု သတ်မှတ်ကာ တစ်နေ့လုပ်ခ တနေ့ရှင်းပေးရသော ဝန်ထမ်း ကိုဆိုလိုပါသည်။

၂။ဤသို့ခန့်ထားသော ဝန်ထမ်းများသည် ခွင့်ခံစားခွင့်နှင့် တခြားခံစားခွင့်များကို ရရှိမည် မဟုတ်ပါ။ နစ်နာကြေးနှင့် အခြားထောက်ပံ့ကြေး ပေးရန်မလိုဘဲ အချိန်မရွေး အလုပ်မှ ရပ်ဆိုင်းခွင့်ရှိသည်။

၃။၄င်းဝန်ထမ်းများသည် အမြဲတမ်းဝန်ထမ်းများနည်းတူ ကုမ္ပဏီမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်သည်။

၄။နေ့စားဝန်ထမ်းများသည် လုပ်ငန်းခွင် ပျက်ကွက်သည့်အခါ ပျက်ကွက်သည့်နေ့ရက် အတွက် လုပ်ခပေးစရာမလိုပါ။

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ဌာနတွင်း နေ့စားဝန်ထမ်း လိုအပ်ချက်ရှိလာပါက သက်ဆိုင်ရာဌာန မှ “ဝန်ထမ်းအင်အား တောင်းခံခြင်း လျှောက်လွှာ “ ဖြည့်ပြီး People Management ဌာနသို့ ကြောင်းကြားရမည်။ People Management ဌာနမှ လိုအပ်နေသော နေ့စား ဝန်ထမ်းအား ခေါ်ယူပေးရမည်။

၂။စိစစ်ရွေးချယ်ထားသော နေ့စားဝန်ထမ်း၏ လုပ်အားခအား ကုမ္ပဏီက သတ်မှတ်ထား သော လစာသတ်မှတ်ချက် အတိုင်းပေးမည်ဖြစ်ည်။

(၂.၂.၄) စာချုပ်ဝန်ထမ်းဖြင့်ခန့်အပ်ခြင်း

မူဝါဒ (Policy)

၁။စာချုပ်ဖြင့် ဌားရမ်းထားသော ဝန်ထမ်းသည် သတ်မှတ်ထားသော ကာလအတွင်း လုပ်ကိုင်ရန် သဘောတူသူဖြစ်ရမည်။ အလုပ်စတင်သည့် ရက်စွဲ နှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲကို စာချုပ်တွင် တိကျ ပြတ်သားစွာ ဖော်ပြထားရမည်ဖြစ်သည်။

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။ဝန်ထမ်းသစ် ခန့်အပ်ခြင်း မူဝါဒ အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

(၂.၃) ဝန်ထမ်းအသစ်မိတ်ဆက်ခြင်း (Orientation)

ရည်ရွယ်ချက် (Purpose)

ဝန်ထမ်းအသစ်အား ကုမ္ပဏီ၏ ရည်ရွယ်ချက် ၊ ရည်မှန်းချက်များ ၊ လုပ်ငန်းများ၏ သဘော သဘာဝကိုသိရှိနိုင်လည်စေရန်၊ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များ သိရှိစေရန်၊ ဝန်ထမ်းသစ်အား လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်စေရန် တွက် ရည်ရွယ်ပါသည်။

မူဝါဒ (Policy)

၁။ဝန်ထမ်းအသစ် စတင်ဝင်‌ရောက်ပြီး အလုပ်လုပ်ရက် သုံးရက်အတွင်း People Management ဌာနမှ ဦးဆောင်၍ ဝန်ထမ်းအသစ်မိတ်ဆက်ခြင်း အစီအစဉ်အား ပြုလုပ်ပေးရမည် ဖြစ်သည်။

၂။လုပ်ငန်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းသဘာဝများကို သက်ဆိုင်ရာဌာနအကြီးအကဲမှ တာဝန်ယူသင်ကြားခြင်း၊ လွှဲပြောင်းခြင်းများ ပြုလုပ်‌ ပေးရမည်ဖြစ်သည်၊၊

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ကုမ္ပဏီရှိ ဌာနတိုင်းမှ Orientation ပြုလုပ်ပေးပြီး ဝန်ထမ်းသစ်တာဝန်ထမ်းရန် လိုအပ်သော အခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာဌာနအကြီးအကဲများ နှင့်ချိတ်ဆက်ကာ ညှိနှိုင်းတိုင် ပင်ကာ သက်ဆိုင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ပေးရမည်။

၂။People Management ဌာန မှ ဝန်ထမ်းသစ်အား “ အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ် “ တွင်ပါရှိ သောအချက်များအား ရှင်းပြီး လက်မှတ်ထိုးစာချုပ်ချုပ်ဆိုရမည်။

၃။ဝန်ထမ်းသစ်အား လုပ်ငန်းသုံး ပစ္စည်းများပေးပါက “အထောက်အကူပြုပစ္စည်းများအား လက်ခံခြင်း လက်မှတ်ထိုးသည့်ပုံစံ” တွင်လက်မှတ်ထိုးစေရမည်။

၄။ဝန်ထမ်းသစ်အား ကုမွဏီ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်း ၊ လုပ်ငန်းစဉ်များအား People Management ဌာနမှ သေချာနားလည်အောင် ရှင်းပြပေးရမည်။

၅။ဝန်ထမ်းလစာအား Bank Account ဖြင့် ပေးပါက ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ People Management ဌာနက ဝန်ထမ်းသစ်အား လစာပေးရက်မတိုင်မှီ Bank Account ဖွင့်ခြင်းအား စီစဉ်ပေးရမည်။

၆။ဝန်ထမ်းသစ်သည် ကုမ္ပဏီမှ သတ်မှတ်ထားသော Uniform ဝတ်ရန်လိုအပ်ပါက People Management ဌာနမှ တာဝန်ယူစီစဉ်ဆောင်ရွက်ပေးရမည်။

(၂.၄) ကုမ္ပဏီအတွင်း ဝန်ထမ်းပြောင်းရွှေ့ခြင်း(Internal Transfer)

ရည်ရွယ်ချက် (Purpose)

ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းများ Career တိုးတတ်ဖို့ အခွင့်အလမ်းရရှိစေရန်၊ မိမိစွမ်းဆောင် ရည်နှင့် ကိုက်ညီသော လစ်လပ်ရာထူးများအား လျှောက်ထားဖို့ အခွင့်အလမ်း ရရှိစေရန်နှင့် ဝန်ထမ်းများဌာနပြောင်းရွှေ့ရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အသုံးပြုရမည့် စာရွက် စာတမ်းများကို လမ်းညွှန်ပေးရန် ရည်ရွယ်ပါသည်။

မူဝါဒ ( Policy )

၁။ကုမ္ပဏီ၏စီမံခန့်ခွဲမှု မူဝါဒနှင့် ဝန်ထမ်းအင်အားလိုအပ်ချက်အရသော်လည်းကောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်ကြောင့်သော်လည်းကောင်း၊ ဝန်ထမ်းများ၏ တာဝန်နှင့် ဝတ္တရားများကို သင့်လျော်သလိုပြောင်းလဲခြင်း၊ ခန့်အပ်ခြင်း၊ လွှဲပြောင်းခြင်းများ ပြုလုပ် ခွင့်ရှိသည်။

၂။မိမိသဘောဆန္ဒ အလျောက်ဌာန ပြောင်းရွှေ့ချင်သော ဝန်ထမ်းများသည် လုပ်ငန်းစွမ်း ဆောင်ရည် ကောင်းမွန်သူဖြစ်ပြီး ကုမ္ပဏီ၏ စည်းကမ်းချိုးဖောက်မှု မှတ်တမ်းမရှိသူ ဖြစ်ရမည်။

၃။လစ်လပ်ရာထူးအတွက် လိုအပ်သော ကျွမ်းကျင်မှု၊ ပညာအရည်အချင်းနှင့် အတွေ့ အကြုံ ကိုက်ညီမှုရှိရမည်။

၄။ပြောင်းရွှေ့ခြင်းကြောင့် လက်ရှိရရှိနေသော လစာနှင့် ခံစားခွင့်များ အပြောင်းအလဲ ပြုလုပ်ရန် မလိုအပ်ပါက လက်ရှိအတိုင်းသာ ဆက်လက်ရမည်။

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure )

၁။ဝန်ထမ်းဘက်မှ မိမိဆန္ဒအလျောက် ပြောင်းရွှေ့လျှင်သော်လည်းကောင်း၊ အခြားဌာနမှ လိုအပ်ချက်ကြောင့် သော်လည်းကောင်း ပြောင်းရွှေ့သည့်ဝန်ထမ်းသည် မိမိ၏ဌာနမှုး နှင့် ဆွေးနွေး ခွင့်ပြုချက်ရယူပြီးနောက် “ဌာနပြောင်းရွှေ့တာဝန်ဆောင်ခြင်းလျှောက်လွှာ” အား People Management ဌာနမှ ထုတ်ယူကာ ပြည့်စုံစွာ ဖြည့်စွက်ပြီး ခွင့်ပြုချက်လက်မှတ် ရယူကာ People Management ဌာနသို့ ပြန်လည်ပေးပို့ရမည်။

၂။People Management ဌာနမှ လျှောက်လွှာကို လက်ခံရရှိပြီး သုံးရက် အတွင်းပြောင်းရွှေ့ဝန်ထမ်းအား လက်ခံမည့် ဌာနမှူးနှင့် ဝန်ထမ်းပြောင်းရွှေ့ခြင်းအား သဘောတူညီမှု ရှိ/မရှိ ဆွေးနွေး ရမည်။

၃။မူလဌာန နှင့် ပြောင်းရွှေ့လိုသည့်ဌာန နှစ်ခုလုံး၏ ဌာနမှူးနှစ်ဦးနှစ်ဖက် ခွင့်ပြုမှသာ ပြောင်းရွှေ့ခွင့်ရှိမည် ဖြစ်သည်။ သဘောတူညီမှုရရှိ ပြီးပါက သဘောတူလက်ခံသော ဌာနမှူးနှင့် ပြောင်းရွှေ့လိုသောဝန်ထမ်း တို့နှစ်ဦးအကြား အင်တာဗျူး People Management ဌာနမှ စီစဉ် ပေးရမည်။

၄။အင်တာဗျူးအောင်မြင်ပြီး ပြောင်းရွှေ့ခွင့်ရရှိသော ဝန်ထမ်းသည် မိမိလက်ရှိလုပ်ကိုင် နေသည့် လုပ်ငန်းတာဝန်များ၊ လွှဲပြောင်းစရာရှိသည့် စာရင်းများ၊ ပစ္စည်းများ၊ ငွေရေး ကြေးရေးများအား စနစ်တကျ လွှဲပြောင်းပေးရမည်။

၅။ဌာန ပြောင်း‌ရွှေ့ရာတွင် အချိန်ကာလ (၃) ပတ်ထက်ပိုယူ၍မရပါ။ ထိုအချိန်အတွင်း People Management ဌာနမှ “ပြောင်းရွှေ့စာ”ထုတ်ပေးရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာဌာနများနှင့် ဝန်ထမ်းအား ဖြန့်ဝေပေးရမည်။

၆။လုပ်ငန်းလိုအပ်ချက်ကြောင့် ယာယီပြောင်းရွှေ့ရမည့် ဝန်ထမ်းများအတွက်ကို ဌာန အကြီးအကဲများမှ ပြောင်းရွှေ့ရန် ဆုံးဖြတ်ပြီးချိန်တွင် ဝန်ထမ်းအား ခေါ်ယူဆွေးနွေး ရမည်။ ထို့နောက် ယာယီပြောင်းရွှေ့မှု အတွက် “ယာယီဌာနပြောင်းရွှေ့စာ”အား People Management ဌာန မှာ ပြင်ဆင်ရမည်။

၇။ဝန်ထမ်းပြောင်းရွှေ့စာများတွင် မူလဌာန နှင့် လက်ခံမည့်ဌာနတို့မှ ဌာနအကြီးအကဲ၏ လက်မှတ်၊ People Management ဌာန၏လက်မှတ် ၊ CEO ၏လက်မှတ်တို့ပါရှိရမည်။ ထို ပြောင်းရွှေ့ စာများအား ပြောင်းရွှေ့မည့် ဝန်ထမ်း၏ ကိုယ်‌ရေးမှတ်တမ်းဖိုင်တွင် ထည့်ထားရမည်။

(၂.၅) အလုပ်မှ နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် ထုတ်ပယ်ခြင်း

ရည်ရွယ်ချက် (Purpose)

အလုပ်တာဝန်ရပ်စဲရသည့် အကြောင်းအရင်း အမျိုးမျိုးကို နည်းစနစ်ကျစွာ ကိုင်တွယ် ဆောင်ရွက်စေရန်၊ ကုမ္ပဏီရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် စည်းကမ်းများ လစ်ဟင်း မှုများကို ထိရောက်စွာအရေးယူဆောင်ရွက်နိုင်စေရန်၊ ကုမ္ပဏီ၏ အလုပ်ရပ်စဲခြင်းဆိုင်ရာ မူဝါဒ၊ ခံစားခွင့်များနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်း အမှန်တကယ် သိရှိစေရန် ရည်ရွယ်ပါသည်။

(က) အလုပ်မှနှုတ်ထွက်ခြင်း ( Resignation)

မူဝါဒ (Policy)

၁။အလုပ်မှနှုတ်ထွက်လိုသော ဝန်ထမ်းများသည် မိမိ၏ဌာန အကြီးအကဲထံသို့ နှုတ်ထွက် လွှာကို ဦးစွာတင်ပြီး ဆွေးနွေးခွင့် ပြုချက်ယူရပါမည်။

၂။ဌာနအကြီးအကဲမှ ခွင့်ပြုချက်ရရှိပြီးပါက အစမ်းခန့်ဝန်ထမ်းများအနေဖြင့် အနည်းဆုံး ( ၇ ) ရက်၊ အတည်ပြုဝန်ထမ်းများအနေဖြင့် မန်နေဂျာ ရာထူးအောက် (၁)လ ၊ မန်နေဂျာ ရာထူးနှင့် အထက် (၂)လ ကြိုတင်ပြီး ဌာန သို့ကြိုတင်ပြီး ခွင့်ပြုချက်ရယူရပါမည်။

၃။နှုတ်ထွက်စာတွင် ပါရှိသော သတ်မှတ်ကာလ အတိုင်းအပြည့် မဆင်းပေးနိုင် ပါက ထို ဝန်ထမ်းအား မိမိတာဝန်ထမ်းဆောင်သည့် ရက်တွက်လစာမှအပ မည်သည့် အကျိုးခံ စားခွင့်ကိုမျှ ခံစားခွင့်ပေးမည် မဟုတ်သည့်အပြင် ကုမ္ပဏီဘက်မှ Recommendation Letter လဲ ထုတ်ပေးမည်မဟုတ်ပါ။

၄။နှုတ်ထွက်အကြောင်းကြားစာဖြင့် အကြောင်းကြားခြင်းမရှိဘဲ မိမိသဘောအရ လုပ်ငန်း ခွင်တာဝန်ရှိသူများအား အသိမပေးပဲ ထွက်ခွာသွားပါက အလုပ်ခန့်အပ်ခြင်း သဘောတူ စာချုပ်ကို ချိုးဖောက်သည်ဟု သတ်မှတ်ပြီး၊ အဆိုပါဝန်ထမ်းအား ကုမ္ပဏီ၏ Blacklist ဝန်ထမ်းအဖြစ်စာရင်းသွင်း၍ အရေးယူသည့် အနေဖြင့်ဝန်ထမ်းအား အလုပ်တာဝန် များမှ ရပ်ဆိုင်းခြင်း (သို့) ထုတ်ပယ်ခြင်းအတွက် ရုံးအမိန့် စာ ထုတ်ပြန်ခြင်းများ ပြုလုပ်မည်။

၅။နှုတ်ထွက်ဝန်ထမ်းများ အနေဖြင့် “ရှင်းလင်းထွက်ခွာပုံစံ” တွင်ပါရှိသော လုပ်ငန်းစဉ် များကို လုပ်ဆောင်ရမည်ဖြစ်သည်။

၆။သတ်မှတ်ထားသော “ရှင်းလင်းထွက်ခွာပုံစံ” ပါရှိသည့် နှုတ်ထွက်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များအတိုင်း လုပ်ကိုင်ဆောင်ရွက်မှာသာ လျှင် ဝန်ထမ်းအား လစာပြည့် တွက်ချက် ပေးမည့်အပြင် အကျိုးခံစားခွင့်များလည်း ခံစားခွင့် ပေးမည်ဖြစ်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ရှေ့ဦးစွာ နှုတ်ထွက်ဝန်ထမ်းသည် မိမိ၏နှုတ်ထွက်စာအား သက်ဆိုင်ရာ ဌာနအကြီး အကဲနှင့် ဆွေးနွေးအတည်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိပြီးပါက People Management ဌာနတွင် “အလုပ် နှုတ်ထွက်ခွင့်လျှောက်လွှာ” နှင့် “ရှင်းလင်းထွက်ခွာပုံစံ” များကို ထုတ်ယူရပါမည်။

၂။အဆိုပါဝန်ထမ်းသည် “ အလုပ်နှုတ်ထွက်ခွင့်လျှောက်လွှာ” တွင် လိုအပ်သော အချက် အလက်များအား ပြည့်စုံစွာဖြည့်ပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲလက်မှတ် နှင့် CEO ၏လက်မှတ်တို့အားရယူပြီးလျှင် People Management ဌာနသို့ ပြန်လည်ပေးပို့ရမည်။

၃။နှုတ်ထွက်ဝန်ထမ်းသည် ရှင်းလင်းရေးလုပ်ငန်းစဉ်အား ဝန်ထမ်း၏ နောက်ဆုံးအလုပ် ဆင်းရက်မတိုင်မီ တစ်ပတ် အလိုတွင် “ ရှင်းလင်းထွက်ခွာပုံစံ” လျှောက်လွှာတွင် ပါသော လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လုပ်ဆောင်ရမည် ဖြစ်သည်။

၄။ထိုနောက် အဆိုဝန်ထမ်းသည် “ရှင်းလင်းထွက်ခွာပုံစံ”လျှောက်လွှာ တွင်ပါရှိသည့် လုပ် ငန်းစဉ်များအား စနစ်တကျ လုပ်ဆောင်ပြီးပါက နောက်ဆုံး အလုပ်လုပ်ရက်မတိုင်မှီ People Management ဌာနသို့ ပြန်လည်ပေးအပ်ရမည်။

၅။People Management ဌာနမှ ရှင်းလင်းထွက်ခွာလုပ်ငန်းစဉ် နှင့် ကုမ္ပဏီပိုင်ပစ္စည်းများ လွှဲအပ်ပြီးကြောင်း ပြည့်စုံမှုရှိသော ဝန်ထမ်းကိုသာ လုပ်ခလစာနှင့် တခြားခံစားခွင့်များအား ရှင်းလင်းပေးရ မည်ဖြစ်သည်။

၆။People Management ဌာနသည် နှုတ်ထွက်ဝန်ထမ်း၏ “ အလုပ်နှုတ်ထွက်လျှောက်လွှာ” ၊” ရှင်းလင်းထွက် ခွာပုံစံ” နှင့် နှုတ်ထွက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများအား အဆိုပါ ဝန်ထမ်း၏ ကိုယ်ရေးကိုယ်တာဖိုင်တွင် သိမ်းဆည်းထားရမည်။

(ခ) အလုပ်မှရပ်စဲခြင်း (Termination)

မူဝါဒ (Policy)

၁။ ကုမ္ပဏီသည် အခြေအနေအမျိုးမျိုးကြောင့်ဖြစ်စေ ဝန်ထမ်းအား ကြိုတင်အကြောင်း ကြားစာပေးပို့၍ လုံလောက်သော အကြောင်းပြချက်ဖြင့် အလုပ်တာဝန်မှ ရပ်နားနိုင်သည်။

၂။အစမ်းခန့်ဝန်ထမ်းများအား (၇)ရက် နှင့် အတည်ပြုဝန်ထမ်းများ ( ၁ ) လ ကြိုတင်ပြီး အကြောင်းကြားစာပေးပို့ကာ လုံလောက်သောအကြောင်းပြလျက် ဖြင့် အလုပ်တာဝန် မှ ရပ်နားနိုင်မည်။

၃။စာချုပ်ဝန်ထမ်း များအား လုပ်ငန်းစီမံချက်သည် သတ်မှတ်အချိန်ထက်စော၍ ပြီးမြောက် ခြင်း နှင့်၊ ကန့်သတ်လုပ်သက်ကာလပြီးမြောက် သွား၍သော်လည်ကောင်း ၊ ကြိုတင်မမြင် နိုင်သော အကြောင်းအရင်းများကြောင့် စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင် တော့လျှင်သော်လည်ကောင်း ကုမ္ပဏီသည် အလုပ်ခန့်အပ်ခြင်း သဘောတူစာချုပ် ကို စာချုပ်ပါအတိုင်း လုပ်ဆောင်ပြီး ရပ်နားနိုင်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ကုမ္ပဏီ၏ အခြေအနေအမျိူးမျိုးကြောင့် အလုပ်တာဝန်များ ရပ်စဲရန် ဖြစ်ပေါ်လာပါက ဌာနမှူးများနှင့် People Management ဌာနတို့ တိုင်ပင်ဆွေးနွေးမှုများပြုလုပ်၍ အစီစဉ်အသေးစိတ်အား CEO ထံသို့တင်ပြခွင့်ပြုချက်ရယူပြီး ရပ်စဲရမည့်ဝန်ထမ်းအား သတ်မှတ်ရက်အတိုင်း ကြိုတင် အသိပေးရမည်ဖြစ်သည်။

၂။အလုပ်လုပ်ရက် နောက်ဆုံးရက်အား ဌာနအကြီးအကဲနှင့်အတူ People Management ဌာနမှ သတ်မှတ်ပြီး ဝန်ထမ်းအား အသိပေးချိန်တွင် People Management ဌာနမှ “ကြိုတင်အကြောင်းကြာစာ” နှင့် “ရှင်းလင်းထွက် ခွာပုံစံ” ကိုပါ ဝန်ထမ်းအား ထုတ်ပေးရမည်။

၃။အလုပ်လုပ်ရက် နောက်ဆုံးရက်အတွင်း ဝန်ထမ်းသည် စည်းမျဉ်းစည်းကမ်း နှင့် အညီ လုပ်ငန်းခွင်တွင် လိုက်မှုရှိစေရန် ဌာနအကြီးအကဲမှ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပြီး အလုပ်လုပ်ရက် နောက်ဆုံးအပတ်တွင် လုပ်ငန်းလွှဲပြောင်းခြင်း လုပ်ငန်းစဉ်အား ပြုလုပ် ရမည်။

၄။လုပ်ငန်းလွှဲအပ်သောပုံစံ ပါအချက်အလက်များအား ပြည့်စုံစွာဖြည်စွက်ပြီး လုပ်ငန်းစဉ် အတိုင်းဆောင်ရွက်ပြီးစီး ပါက People Management ဌာနသို့ ပေးပို့ရမည်ဖြစ်သည်။ သို့မှသာ ဝန်ထမ်း၏ နောက်ဆုံးအလုပ်လုပ်ရက်အား လစာတွက်ချက်ပေးမည် ဖြစ်သည်။

၅။အချက်အလက်များပြည့်စုံမှုရှိလျှင် People Management ဌာမှ အလုပ်ရပ်စဲခြင်း အမိန့်စာ ကို ဝန်ထမ်းအား ထုတ်ပေးပြီး People Management ဌာနမှ အဆိုပါ ဝန်ထမ်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ အားလုံးအား ဝန်ထမ်း၏ ကိုယ်ရေးဖိုင်တွဲတွင် သိမ်းထားရမည်။

(ဂ) အလုပ်မှထုတ်ပယ်ခြင်း (Dismiss)

မူဝါဒ ( Policy )

၁။ဝန်ထမ်းလက်စွဲစာအုပ်ထဲတွင် ထုတ်ပြန်ထားသော စည်းကမ်များအား ဖောက်ဖျက်ပါက ဝန်ထမ်းအား သာမာန်ပြစ်မှု နှင့် ကြီးလေးသောပြစ်မှု တို့ပေါ်မှုတည်ပြီး ဝန်ထမ်းအား ရာထူးမှ စတင်ထုတ်ပယ်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ သာမာန်ပြစ်မှုနှင့် ကြီးလေးသောပြစ်မှုများ အား “ လုပ်ငန်းခွင် စည်းကမ်းများ” အခန်း တွင် ဖော်ပြထားပါသည်။

၂။သာမာန်ပြစ်မှုကျူးလွန်ခဲ့လျှင်

(က)ပထမ အကြိမ် နှုတ်ဖြင့်သတိပေးခြင်း

(ခ)ဒုတိယ အကြိမ် စာဖြင့်ရေးသားသတိပေးခြင်း

(ဂ)တတိယ အကြိမ် စာဖြင့်ရေးသားသတိပေးခြင်း

(ဃ)စတုတ္ထ အကြိမ် မြောက်ပြစ်မှုကျူးလွန်ခဲ့လျှင် ရာထူးတာဝန်များမှ ထုတ်ပယ်ခြင်း ခံရမည်။ ( မည်သည့် နစ်နာကြေးကိုမှ ခံစားခွင့် ရရှိမည် မဟုတ်ပါ)

၃။ကြီးလေးသော ပြစ်မှုကျူးလွန်သောဝန်ထမ်းသည် ပထမ အကြိမ်မှာလျှင် ရာထူးလုပ်ငန်း တာဝန်များမှ ချက်ချင်း ထုတ်ပယ်ခြင်းခံရမည်။ မည်သည့် နစ်နာကြေးကိုမျှခံစားခွင့်မရှိပါ။

၄။ဝန်ထမ်းသည် အလုပ်မှ မထွက်ခွာမီ ရှင်းလင်းထွက်ခွာခြင်း လုပ်ငန်းစဉ်အတိုင်းဆောင် ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များအားလုံးလွှဲပြောင်း ပြီးစီးသော အချိန်ကာလထိ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းခံစားခွင့်များကို ထုတ်မပေးပဲ ခေတ္တထိန်းသိမ်းထားရမည်။

၅။အလုပ်ရပ်စဲခံရသော ဝန်ထမ်းသည် ကုမ္ပဏီ မှထုတ်ပေးထားသော လုပ်ငန်းသုံး အထောက် အကူပစ္စည်းများ နှင့် ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းရေးရာများ၊ စာချုပ်စာတမ်းများ၊ ကုမ္ပဏီပိုင်ပစ္စည်းများအားလုံးကို ချက်ချင်းပြန်လည်ပေးအပ်ရမည်။

၆။အလုပ်အတွက်လိုအပ်သော အရည်အချင်းများ၊ လိုင်စင်များ၊ အဆင့်သတ်မှတ်ချက်များ နှင့် ကျန်းမာရေးအဆင့်များကို ထိန်းသိမ်းနိုင်စွမ်းမရှိသော ဝန်ထမ်းများကို လိုအပ်သော သတိပေးချက်ထုတ်ပြန်၍ အလုပ်မှရပ်စဲနိုင်ပြီး ထိုသိုသော ရပ်စဲမှု မျိုးကို စောစီးစွာအနား ယူစေခြင်း၊ အနားယူခြင်း (သို့) အင်အားလျှော့ချခြင်းအနေဖြင့် စဉ်းစားမည် မဟုတ်ပါ။

၇။People Management ဌာနသည် ဝန်ထမ်း၏ “အလုပ်မှ ထုတ်ပယ်ခြင်းစာ”၊ “ရှင်းလင်းထွက်ခွာပုံစံ” နှင့် နှုတ်ထွက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများအား အဆိုပါ ဝန်ထမ်း၏ ကိုယ်ရေးကိုယ်တာဖိုင် တွင် ဖိုင်တွဲ၍ သိမ်းဆည်းထားရမည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။People Management ဌာနသို့ သာမာန်ပြစ်မှုကျူးလွန်မှုရှိတိုင်း ဌာနအကြီးအကဲများမှ အကြောင်းကြာမှု ပြုလုပ်ပြီး People Management မှာ အဆိုပါဝန်ထမ်းအား သက်ဆိုင်ရာ ဌာနအကြီးအကဲနှင့် ခေါ်ယူတွေ့ဆုံကာ သတိပေးပြီး သတိပေးစာတွင်People Management ဌာနဆိုင်ရာ အကြီးအကဲ၊ ဝန်ထမ်းနှင့် အသိသက်သေများ ၏လက်မှတ်များထိုးထားရမည်။

၂။သတိပေးစာ မှတ်တမ်း အနည်းဆုံး (၃)ကြိမ်ရှိသော ဝန်ထမ်းအား ရာထူးလုပ်ငန်းတာဝန်များ မှထုတ်ပယ်ရန်ရှိပါက သက်ဆိုင်ရာဌာန အကြီးအကဲနှင့် People Managementဌာနသည် ဆုံးဖြတ်ချက်မချမှီ CEO ထံတွင် အတည်ပြုခွင့်ပြုချက်ရယူရမည်။

၃။ကြီးလေးသောပြစ်မှုကျူးလွန်သော ဝန်ထမ်းအား သတိပေးအကြောင်းကြားစာထုတ်ရန် မလိုပဲ သက်ဆိုင်ရာဌာနအကြီးအကဲနှင့် People Managementဌာန အကြီးအကဲတို့သည် CEO ထံမှ အတည်ပြု ချက်ယူပြီး ဝန်ထမ်းအား ခေါ်ယူတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရမည်။

၄။People Management ဌာနမှ ဝန်ထမ်းများအလုပ်မှထုတ်ပယ်ရန် အကြောင်းကြားသည့် အချိန်တွင် အဆိုပါ ဝန်ထမ်းအား “အလုပ်ထုတ်ပယ်ခြင်းစာ” နှင့် “ရှင်းလင်းထွက်ခွာပုံစံ” များအားဝန်ထမ်းသို့ ထုတ်ပေးရမည်။

၅။ဝန်ထမ်းသည် အလုပ်မှ မထွက်ခွာမှီ ရှင်းလင်းထွက်ခွာခြင်း လုပ်ငန်းစဉ် အတိုင်းလုပ်ဆောင် ရမည်ဖြစ်သည်။

၆။People Management ဌာနသည် ဝန်ထမ်း၏ “အလုပ်မှ ထုတ်ပယ်ခြင်းစာ”၊ “ရှင်းလင်းထွက်ခွာပုံစံ” နှင့် နှုတ်ထွက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများအား အဆိုပါ ဝန်ထမ်း၏ ကိုယ်ရေးကိုယ်တာဖိုင် တွင် ဖိုင်တွဲ၍ သိမ်းဆည်းထားရမည်။

(ဃ) ကွယ်လွန်ခြင်း (Decease)

မူဝါဒ (Policy)

၁။ဝန်ထမ်းသည် ရုတ်တရက်ထိခိုက်မှု ဖြစ်ပွားသောကြောင့် လုပ်ငန်းခွင်အတွင်း (သို့) လုပ်ငန်းခွင်ပြင်ပ တွင်သော်လည်ကောင်း၊ နာမကျန်းဖြစ်ခြင်းကြောင့် သော်လည်း ကောင်း ကွယ်လွန်သွားပါက အဆိုပါဝန်ထမ်း၏ ထမ်းဆောင်ခဲ့သော တာဝန်များနှင့် လုပ်ငန်း ဆောင်တာကိစ္စရပ်များအား ဝန်ထမ်းကို တိုက်ရိုက်ကြီးကြပ်သူ (သို့) ဌာန အကြီး အကဲမှ ဆက်လက်တာဝန်ယူ ဖြေရှင်းရမည် ဖြစ်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ဌာနအကြီးအကဲမှ ဝန်ထမ်းကိုယ်စား “လုပ်ငန်းလွှဲအပ်မှုပုံစံ” ကိုပြည့်စုံစွာ ဖြည့်စွက်ပြီး သက်ဆိုင်ရာ ဌာနများကိုလည်း လိုအပ်သည်များကိုရှင်းလင်းရမည်ဖြစ်သည်။

၂။“လုပ်ငန်းလွှဲအပ်မှုပုံစံ”အား ပြည့်စုံစွာဖြည့်စွက်၍ People Managementဌာနသို့ ပေးပို့ရမည်။

၃။ဝန်ထမ်း၏ နောက်ဆုံးအလုပ်လုပ်ရက်အထိ လစာကို တွက်ချက်ပြီး လစာ‌ပေးရက် တွင် ၄င်းဝန်ထမ်း၏ ကျန်ရစ်သူမိသားစုအား ပေးရမည်ဖြစ်သည်။

(၂.၆) ယခင်ဝန်ထမ်းဟောင်းများ အား ပြန်လည် ခန့်အပ်ခြင်း

မူဝါဒ ( Policy)

၁။ကုမ္ပဏီ၏ လိုအပ်နေသော ရာထူး နှင့် အရည်အချင်းကိုက်ညီရှိခြင်း၊ လုပ်ငန်းပိုင်ဆိုင်ရာ လုပ်ဆောင်မှုစွမ်းရည် အကောင်းဆုံး ကျွမ်းကျင်အဆင့်ရှိသည့် ဝန်ထမ်းဖြစ်နေလျှင် သော်လည်းကောင်း၊ ယခင် အလုပ်ထွက်ခဲ့ဖူးသည့် ကိစ္စရပ်အား CEO မှလက်ခံမှုရှိ သည့်အခြေအနေတွက်လည်ကောင်း ယခင်ဝန်ထမ်းဟောင်းအား ပြန်လည်ခန့်အပ်နိုင် ခွင့်ရှိသည်။

၂။အလုပ်ပြန်လည် ခန့်အပ်ရာတွင် အဆိုပါဝန်ထမ်းသည် လုပ်ကိုင်ခဲ့ဖူးသောဌာနနှင့် ရာထူးဖြစ်စေ၊ ကုမ္ပဏီ၏ လစ်လပ်နေသော တခြားဌာနနှင့် ရထူးဖြစ်စေ ဝန်ထမ်း၏ အရည်အချင်းနှင့် ကိုက်ညီစေမည့် ဌာနနှင့်ရာထူး များတွင် ပြန်လည် ခန့်အပ်နိုင်ပါသည်။

၃။ပြန်ခန့်အပ်သော ဝန်ထမ်းဟောင်း၏ အစမ်းခန့်ကာလ အား CEO ၏ ခွင့်ပြုချက်ဖြင့် ပယ်ဖျက်နိုင်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။အလုပ်ခန့်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မှာ ဝန်ထမ်းအသစ်ခန့်အပ်ခြင်း အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

အခန်း(၃)

အလုပ်ချိန်နှင့် အလုပ်ပိတ်ရက်များ

( ၃.၁) အလုပ်ချိန်

မူဝါဒ (Policy)

ဝန်ထမ်းများ၏ အလုပ်ချိန်

တနင်္လာနေ့၊ မှ စနေနေ့ အထိ( မနက် ၉ နာရီမှ ညနေ ၅ နာရီ ထိ)

နေ့လည် ထမင်းစားချိန် ( ၁ ) နာရီ သတ်မှတ်သည်။

( ၃. ၂ ) အလုပ်ချိန်‌နောက်ကျခြင်း နှင့် စောပြန်ခြင်း

၁။ကုမ္ပဏီရှိ ဝန်ထမ်းများသည် သတ်မှတ်ထားသော ရုံးချိန်အတိုင်း ရုံးတတ်/ရုံးဆင်း ပြုလုပ်ရမည်ဖြစ်သည်။ သတ်မှတ်ထားသော ရုံးချိန်ထက် နောက်ကျခြင်း (သို့) စောပြန် ခြင်းများ ပြုလုပ်ပါက ကုမ္ပဏီမှ ချမှတ်ထားသော မူဝါဒ အတိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်။

၂။ရုံးတတ်ချိန်နောက်ချခြင်း ၊ ရုံးစောဆင်းခြင်း များအား သတ်မှတ်ထားသော မူဝါဒအတိုင်း ဆောင်ရွက်မည့်အပြင် တစ်ပတ်အတွင်း သုံးရက် ဆက်တိုက်ဖြစ်ပါက ပထမအကြိမ် နှုတ်ဖြင့် အသိပေးခြင်း၊ ဒုတိယအကြိမ် ခေါ်ယူဆွေးနွေးမှု ပြုလုပ်ခြင်း၊ တတိယအကြိမ် ဖြစ်ပါက ဝန်ထမ်းအား ဝန်ခံကတိ လက်မှတ်ထိုးပြီး မှတ်တမ်းတင်ခြင်း ပြုလုပ်မည် ဖြစ်သည်။

၃။မှတ်တမ်းတင်ခံရသော မည်သည့်ဝန်ထမ်းမဆို ကုမ္ပဏီ၏ ခံစားခွင့်များ ပေးအပ်မှုကိစ္စ ရပ်များနှင့် လုပ်ငန်းခွင် စွမ်းဆောင်ရည် သုံးသပ် အကဲဖြတ်မှုများ တွင် အဆိုပါ မှတ်တမ်းတင်ခံ ရသည့် အချက်ကို ထည့်သွင်း သုံးသပ်ရမည်ဖြစ်သည်။

၄။သဘာဝဘေးအန္တာရယ်ကြောင့် ရုံးတတ်ချိန် နောက်ကျမှု ကိစ္စရပ်များကို People Managementဌာန အနေဖြင့် ဝန်ထမ်းများအား အလုပ်ချိန်နောက်ကျခြင်းဟု သတ်မှတ်ခြင်း မပြုရပါ။

၅။အလုပ်ချိန်နောက်ကျမည်ဆိုလျှင် မနက် (၉) နာရီမတိုင်မီ ဌာနအကြီးအကဲ သို့ တိုက်ရိုက် အကြောင်းကြားရမည်။ သို့မှသာ ဌာနအကြီးအကဲမှာ မိမိ၏ တာဝန်ယူ လုပ်ကိုင်နေသော လုပ်ငန်းတာဝန်များအား သင့်လျော်သော ဝန်ထမ်းနှင့် အစားထိုးလုပ်ကိုင်နိုင်ရန် စီစဉ်ပါ လိမ့်မည်။

၆။ဝန်ထမ်းများ၏ အလုပ်ချိန်နောက်ကျခြင်း၊ လုပ်ငန်းခွင်စောဆင်းခြင်း များကို People Managementဌာနမှ ကြီးကြပ်တာဝန်ယူရမည်။

၇။ကုမ္ပဏီမှ သတ်မှတ်ထားသောသင်တန်းကိစ္စများကြောင့် နောက်ကျခြင်း/စောပြန်ခြင်းများကို ပြုလုပ်လိုပါက သင်တန်း တတ်နေသည့် အထောက်အထား များနှင့်တကွ ဌာနမှူးထံ ခွင့်ပြုချက်တောင်းခံ ပြီး People Managementဌာနသို့ တင်ပြ အသိပေးထားရမည်။

(၃.၃) ရုံးချိန်အတွင်း ပြင်ပလုပ်ငန်းတာဝန်များထမ်းဆောင်ခြင်း

မူဝါဒ (Policy)

၁။ကုမ္ပဏီမှသတ်မှတ်ထားသော ရုံးတက်/ရုံးဆင်ချိန်များအား နောက်ကျ၍ ပြင်ပ တာဝန် များအား တာဝန်ထမ်းဆောင်နေရသောဝန်ထမ်းများ အနေဖြင့် Attendance မှတ်တမ်း တင်ခြင်းကိစ္စရပ်ကို ကင်းလွတ်ခွင့်အား “On Duty လျှောက်လွှာ” ဖြင့်ခွင့်ပြုပေးမည်။

၂။Application တစ်ခုခုဖြင့် Attendance မှတ်တမ်းတင်ရသော ဝန်ထမ်းများ အနေဖြင့် အင်တာနက်လိုင်းအခက်အခဲဖြစ်ချိန်နှင့် Application Error တစ်ခုခုရှိခဲ့လျှင် သက်ဆိုင် ရာဌာန အကြီးအကဲ၏ခွင့်ပြုချက်ဖြင့် People Management ဌာန သို့ ကြိုတင်ကြောင်းကြားရမည်။

၃။People Management ဌာနသို့ မနက်ပိုင်းဖြစ်ပါက ( ၈:၃၀ )နာရီ၊ ညနေပိုင်းဖြစ်ပါက ( ၄း၃၀) နာရီမတိုင်မှီ ကြိုတင်အသိပေး အကြောင်းကြားရမည်။ ထိုသို့အကြောင်းကြား ရှိသော ဝန်ထမ်းများ ကိုသာ Onduty အဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။ “Onduty လျှောက်လွှာ” တင်ရန် ပျက်ကွက်သော ဝန်ထမ်းအား Attendance တွင် ထည့်သွင်း စဉ်းစားပေးမည်မဟုတ်ပါ။

၄။Onduty အဖြစ် ကုမ္ပဏီမှ သတ်မှတ်ထားသည်မှ အပ (သို့) ကုမ္ပဏီမှတာဝန်ပေးထား သည့် လုပ်ငန်းတာဝန်များမှအပ မိမိသဘောဆန္ဒအရ ပြင်ပ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံးမှု အတွက် ကုမ္ပဏီမှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ဖော်ပြပါ မူဝါဒ များအတိုင်း သက်ဆိုင်ရာဌာနအကြီးအကဲ နှင့် People Management ဌာနသို့ ကြိုတင် အကြောင်းကြားထားပြီး ရုံးသို့ ပြန်လည်ရောက်ရှိချိန်တွင် “On Duty လျှောက်လွှာ” အားပြည့်စုံစွာဖြည့်ပြီး ရုံးတတ်၊ရုံးဆင်း Attendance မှတ်တမ်း အားPeople Management ဌာနသို့ပေးပို့ရမည်။

(၃.၄) အပတ်စဉ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ရက်များ

မူဝါဒ ( Policy)

အပတ်စဉ် တနင်္ဂနွတနင်္ဂနွေ နေ့အားရုံးပိတ်ရက်အဖြစ် သတ်မှတ်မည်ဖြစ်သည်။

အစိုးရမှ သတ်မှတ်ထားသော အများပြည်သူအလုပ်ပိတ်ရက်များ လည်းရုံးပိတ်ရက် အဖြစ် တရားဝင် သတ်မှတ်ထားပါသည်။

အခန်း(၄)

ခွင့်အမျိုးအစားများနှင့် ခွင့်ခံစားခြင်း

(၄.၁) ခွင့်အမျိုးအစားများ

ရည်ရွယ်ချက် (Purpose)

ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ခံစားနိုင်သော ခွင့်များကို သိရှိစေရန်နှင့် ခွင့်နှင့် ပတ်သတ်သောစည်းမျဉ်း၊စည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် ရည်ရွယ်ပါ သည်။ ဝန်ထမ်းတစ်ဦးချင် အလိုက် နှစ်စဉ်ခံစားခွင့်ရှိသော ခွင့်များမှာ -

(က)ရှောင်တခင်ခွင့်

(ခ)လုပ်သက်ခွင့်

(ဂ)ဆေးခွင့်

(ဃ)မီးဖွားခွင့်

(င)ဖခင်ဖြစ်ခွင့်

(စ)နာရေးခွင့်

(ဆ)လက်ထက်ခွင့်

(ဃ)ရှောင်တခင်ခွင့်

မူဝါဒ (Policy)

၁။ဝန်ထမ်းများသည် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ရှောင်တခင်ခွင့် (၆) ရက်ကို နှစ်လလျှင် တစ်ရက်နှုန်းဖြင့်သာ လစာပြည့်ဖြင့် ခံစားခွင့်ရှိမည်ဖြစ်သည်။ နှစ်လအတွင်းတွင် ခွင့်တစ်ရက်ထက်ပိုယူပါက ပိုယူသောခွင့်ရက်သည် လစာမဲ့ခွင့်ဖြစ်သည်။

၂။မိမိအလုပ်စတင်ဝင်‌ရောက်သည့် လမှ စတင်ပြီး ဒီဇင်ဘာလ အထိကျန်ရှိနေသေးသော “လ” ပမာဏ အတိုင်းအချိုးကျခံစားခွင့် ကိုသာ ရရှိမည် ဖြစ်ပါသည်။

၃။တစ်ကြိမ်လျှင် ပုံမှန်အားဖြင့် (၁)ရက်သာခံစားနိုင်ပြီး အများဆုံး(၃)ရက်ဆက်တိုက် ထက်ပို၍ခံစားခွင့်မရှိပါ။ ခိုင်လုံသောအကြောင်းပြချက်ဖြင့်သာ (၃) ရက်ထက်ပိုယူ ခွင့်ပြုမည်ဖြစ်သည်။

၄။အခြားမည်သည့် ခွင့်အမျိုးအစားနှင့်မျှ ပေါင်းစပ်ခံစားခွင့်မရပါ။ ရှောင်တခင်ခွင့်ကို တခြားမည်သည့်ခွင့်များနှင့် တဆက်တည်းပူးပေါင်း ခံစားခွင့်မရှိသည့် အပြင် သက်ဆိုင် ရာပြက္ခဒိန်နှစ် အတွင်း ရယူခံစားခြင်းမပြုပါက ပျက်ပြယ်သွားမည်ဖြစ်ပြီး စုဆောင်း ထားပိုင်ခွင့်လည်း မရှိပါ။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။အရေးပေါ် ကိစ္စရပ်များအတွက် ရှောင်တခင်ခွင့် ယူမည်ဆိုပါက တစ်ရက် ကြိုတင် လျှောက်ထားရမည်။ မလျှောက်ထားနိုင်သည့် အခြေအနေဖြစ်ပါက မနက်(၈း၃၀) မတိုင် မှီ သက်ဆိုင်ရာဌာန အကြီးအကဲထံသို့ ခွင့်ကိစ္စအား အကြောင်းကြားရမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ပြန်လည်တာဝန် ထမ်းဆောင်သည့်နေ့တွင် “ခွင့်လျှောက်လွှာ ပုံစံ” အား ပြည့်စုံစွာ ဖြည့်စွက်ပြီး ဌာနအကြီးအကဲ လက်မှတ်ရယူကာ People Managementဌာန သို့ပေးပို့ရမည်။

၂။ခွင့်လျှောက်လွှာအား ရုံးမှ သတ်မှတ်ထားသည့် နေ့အားမကျော်စေပဲPeople Management ဌာနသို့ တင်ပေး ရမည်။ သတ်မှတ်ထားသည့်ရက်အတွင်း ခွင့်တင်ထားခြင်းမရှိသော ဝန်ထမ်းအား လစာ မဲ့ခွင့် အဖြစ်သတ်မှတ်မည်။

(ခ) လုပ်သက်ခွင့်

မူဝါဒ( Policy)

၁။ဝန်ထမ်းများသည် တစ်လလျှင် အနည်းဆုံး အလုပ်လုပ်ရက် (၂၀) ဖြင့် လုပ်သက်တစ်နှစ် ပြည့်အောင် တာဝန်ထမ်းဆောင်ခဲ့ ပြီးပါက နောင်ပြက္ခဒိန်တစ်နှစ်လျှင် လုပ်သက်ခွင့် (၁၀) ရက်ကို အခြေခံလစာ (သို့) မည်သည့် စရိတ်မျှမပါသည့် အခြေခံနေ့တွက်နှုန်းဖြင့် ခံစားခွင့်ရှိမည်။

၂။အလုပ်ဆင်းရက် တစ်လလျှင် အနည်းဆုံး ရက်(၂၀) မပြည့်ခဲ့ပါက လုပ်သက်ခွင့် (၁၀) ရက်ထဲမှ တစ်ရက်စီ အလျှော့ခံရမည် ဖြစ်သည်။

၃။ မိမိလုပ်သက်တစ်နှစ်ပြည့်သည့် လမှစတင်ပြီး ဒီဇင်ဘာလအထိ ကျန်ရှိနေသော “လ” ပမာဏ အတိုင်းအချိုးကျခံစားခွင့်ရှိမည် ဖြစ်သည်။

၄။သက်ဆိုင်ရာပြက္ခဒိန်နှစ်အတွင်း ရယူခံစားခြင်း မပြုပါက ပျက်ပြယ်သွားမည်ဖြစ်ပြီး စုဆောင်းထားပိုင်းခွင့်လည်း မရှိပါ။

၅။လုပ်သက်ခွင့်အား မီးဖွားခွင့် နှင့် ပေါင်းစပ်ယူနိုင်သည်။

၆။ကြိုတင်တောင်ခံလာသော လုပ်သက်ခွင့်များအား လုပ်ငန်းခွင်လိုအပ်ချက်အရ ခွင့်ပြု ပေး/မပေး ကို သက်ဆိုင်ရာ ဌာနအကြီးအကဲ နှင့် CEO တို့၏ စီမံခန့်ခွဲမှုသာ လျှင် အတည်ဖြစ်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ခိုင်လုံသော အကြောင်းပြချက်ဖြင့် လုပ်သက်ခွင့် ခံစားလိုသောဝန်ထမ်းများသည် သက်ဆိုင်ရာဌာနအကြီးအကဲ နှင် CEO တို့၏ ခွင့်ပြုချက်အား တောင်ခံပြီးနောက် “ ခွင့်လျှောက်လွှာ” ပုံစံအား ပြည့်စုံစွာဖြည့်စွက်ပြီး People Managementဌာနသို့ (၅)ရက် ကြိုတင် အကြောင်းကြား ခွင့်တင်ရမည်။

( ဂ ) ဆေးခွင့်

မူဝါဒ ( Policy)

၁။ဆေးခွင့် ခံစားမည့်ဝန်ထမ်းသည် ကုမ္ပဏီ၏ အတည်ပြုဝန်ထမ်းဖြစ်ပြီး လုပ်သက်(၆)လ ရှိပါက အဆိုပါဝန်ထမ်းသည် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် ဆေးခွင့်(၃၀)ရက် ခံစားခွင့် ရှိသည်။ လုပ်သက်(၆)လ မပြည့်သေးသော ဝန်ထမ်းများသည် လစာမဲ့ခွင့် ယူနိုင်သည်။

၂။လုပ်သက်ခွင့်၊ မီးဖွားခွင့်တို့နှင့် ပေါင်းစပ်ယူနိုင်ပြီး ဆေးခွင့်ရက်ကို သက်ဆိုင်ရာ ပြက္ခဒိန် နှစ်အတွင်း မယူလျှင် ပျက်ပြယ်မည်ဖြစ်သည်။

၃။ဖျားနာခြင်း၊ နာတာရှည်ဖြစ်ခြင်း၊ ဆေးရုံတတ်ရခြင်း၊ ထိခိုက်ကျိုးပဲ့ခြင်း စသည်တို့ အတွက်သာ အသုံးပြုနိုင်ပြီး ဆေးခွင့်အား ဆေးခန်းစာအုပ်မိတ္တူ (သို့) သက်ဆိုင်ရာ ဆရာဝန်၏ ထောက်ခံချက်ဖြင့်သာ ဆေးခွင့်အဖြစ် လျှောက်ထားနိုင်သည်။

၄။သတ်မှတ်အချိန်နှင့် တပြေးညီ ခွင့်တင်ပြလျှောက်မှု မပြုနိုင်သော ဆေးခွင့်များအား လစာမဲ့ခွင့် အဖြစ် ကုမ္ပဏီမှ သတ်မှတ်မည်။ ဆေးထောက်ခံစာများ ပူးတွဲ တင်ပြနိုင်မှု မရှိပါက ဆေးခွင့်ပျက်ပြယ်မည်ဖြစ်သည်။ ဆေးခွင့်အစား ရှောင်တခင်ခွင့် (သို့) လုပ်သက်ခွင့် (သို့) လစာမဲ့ခွင့်သာ ခံစားခွင့်ရှိသည်။

၅။ဆေးခွင့်အား ရုတ်တရက် အသုံးပြုရမည်ဆိုပါက ဝန်ထမ်းကိုယ်တိုင် (သို့) မိသားစုဝင် တစ်ဦးဦးမှ သက်ဆိုင်ရာ ဌာနအကြီးအကဲထံ ရုံးချိန်မတိုင်ခင် အကြောင်းကြားရမည် ဖြစ် ပြီး ဝန်ထမ်းမှ ရုံးပြန်တတ်သည့်နေ့တွင် “ ခွင့်လျှောက်လွှာ ပုံစံ” တွင် ပြည့်စုံစွာဖြည့်စွက် ပြီး သက်ဆိုင်ရာဌာန အကြီးအကဲ ခွင့်ပြုချက်ရယူကာ ဆေးထောက်ခံစာနှင့်အတူ People Management ဌာနသို့ ပေးပို့ရမည် ဖြစ်သည်။

၆။ဆေးခွင့်ယူရန်ကိစ္စအား ကြိုတင်သိရှိပါက “ခွင့်လျှောက်လွှာ ပုံစံ” တွင်ပြည့်စုံစွာ ဖြည့်စွက်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲ ၏ခွင့်ပြုချက်ရယူကာ People Management ဌာနသို့ ခွင့်မယူခင် ကြိုတင် ပေးပို့ရမည်။

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure )

၁။ဆေးခွင့်အားရုတ်တရက် အသုံးပြုရမည်ဆိုပါက ဌာနအကြီးအကဲထံမှ သတ်မှတ်ထား သည့် မူဝါဒအတိုင်း ခွင့်ပြုချက် တောင်းခံပြီး ရုံးပြန်တတ်သည့်နေ့ တွင် ခွင့်လျှောက်လွှာ ပုံစံ တွင် အချက်အလက်များ ဖြည့်စွက်၍ သတ်မှတ်ထားသည့် စာရွက်စာတမ်းများ တွဲလျှက် People Managementဌာန သို့ပေးပို့ရမည် ဖြစ်သည်။

၂။ကြိုတင်သိရှိထားသည့် ဆေးခွင့်များကိုမူ ဝန်ထမ်းကိုယ်တိုင် ခွင့်လျှောက်လွှာပုံစံ တွင် အချက်အလက်များ ဖြည့်စွက်၍ သတ်မှတ်ထားသော စာရွက်စာတမ်းများ တွဲလျှက် People Managementဌာနသို့ ခွင့်မယူခင် ကြိုတင် ပေးပို့ရမည်ဖြစ်ပြီး ခွင့်ကုန်ဆုံး၍ လုပ်ငန်းခွင် ပြန်လည်ဝင် ရောက်သည့်နေ့ တွင် ဆေးခွင့်နှင့်ပတ်သတ်သည့် အထောက်အထားများကိုPeople Management ဌာနသို့ ပေးပို့ရမည်ဖြစ်သည်။

(ဃ) မီးဖွားခွင့်

မူဝါဒ ( Policy)

၁။မီးဖွားခွင့်အား မီးမဖွားခင် (၆) ပတ်နှင့် မီးဖွားပြီး (၈) ပတ် စုစုပေါင်း (၉၈) ရက်တိုင် အောင်ဖြစ်သည်။

၂။ကျန်းမား‌ရေးချို့ယွင်းမှု နှင့် မမျှော်မှန်းနိုင်သော မတော်တဆ ကိစ္စရပ်များကြောင့် သား ပျက် သားလျောခြင်း (သို့) ကလေးစောမွေးခြင်းကြောင့် အသေမွေး ကိစ္စရပ်များတွင် ခွင့်ယူခြင်းအား ဆေးရုံ၏ ဆ.မ ဆရာဝန်၏ ဆေးထောက်ခံစာ မိတ္တူဖြင့် အများဆုံး (၄၅) ရက် ထိသာ ခွင့်ပြုမည်ဖြစ်ပြီး တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် နာမကျန်းဖြစ် မှုများတွင် ဆေးရုံတတ်ရခြင်းများအတွက် မည်သည့် လစာပြည့်ခွင့်ရက်များ ပေးအပ်မည် မဟုတ်ပါ။

၃။မီးဖွားခွင့် ကုန်ဆုံးပြီးသည့်နောက် နှစ်ရက်အတွင်း အကြောင်းကြားခြင်းမရှိပဲ လုပ်ငန်းခွင် သို့ ပြန်လည်ဝင်‌ရောက်ခြင်းမရှိ လျှင်သော်လည်းကောင်း၊ ခွင့်ရက်ပြည့် ပြီးနောက် အလုပ်မှ ချက်ချင်း နှုတ်ထွက်လျှင်သော်လည်းကောင်း နောက်ဆုံးလ တစ်လ စာအပြည့်ကို ခံစားခွင့်ရှိမည် မဟုတ်ပါ။

၄။မီးဖွားခွင့်သည် နှုတ်ထွက်ခွင့် အသိပေးစာ တင်ထားသော Notice Period အတွင်းယူ ခွင့်မရှိပါ။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ( Procedure)

၁။မီးဖွားခွင့်အားယူလိုသော ဝန်ထမ်းများအနေဖြင့် ဆေးခန်း (သို့) ဆေးရုံ၏ ထောက်ခံစာ နှင့် တကွ မိမိ ဌာနအကြီးအကဲထံ သို့ ခွင့်ပြုချက်ကို တစ်ပတ်ကြိုတင်ရမည် ဖြစ်သည်။ ခွင့်ပြုချက်ရပြီးပါက People Management ဌာနသို့ ထောက်ခံချက်စာများ နှင့် ခွင့်လျှောက်လွှာကို (၁)လ ကြိုတင်ပေးပို့ရမည်ဖြစ်သည်။People Management ဌာနမှ CEO ထံသို့ သတင်းပေးပို့ကာ ခွင့်ပြုချက် ထပ်မံတောင်ခံရမည်။

၂။ခွင့်ယူပြီး ရုံးပြန်လည်တတ်ရောက်သည့်နေ့တွင် ဝန်ထမ်းသည် ဆေးထောက်ခံ စားများ/အလေးအရှင်မွေး လက်မှတ် မိတ္တူအား ရုံးပြန်လည် တတ်ရောက်မှု သတင်းပေးပို့လွှာ နှင့် အတူ People Managementဌာနသို့ ပေးပို့ရမည်။People Management ဌာနမှ စာရွက်စာတမ်း များအား ကြိုတင်ပို့ထား သောခွင်ံလျှောက်လွှာတွင် တွဲထားရမည်။

(င) ဖခင်ဘဝဖြစ်ခွင့် ခံစားခွင့်

မူဝါဒ (Policy)

၁။လုပ်သက်(၆)လ ပြည့်ပြီးသော အမျိုးသား ဝန်ထမ်းများသည် ၄င်းတို့၏ တရားဝင် အမျိုးသမီးစတင် မီးဖွားချိန်တွင် ဖခင်ဘဝ ဖြစ်ခွင့် (၁၄) ရက်အား အခြေခံလစာ ပြည့် ဖြင့် ရရှိမည်ဖြစ်သည်။

၂။ခွင့်သည် နှုတ်ထွက်ခွင့် အသိပေးစာ တင်ထားသော Notice Period အတွင်းယူခွင့်မရှိပါ။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ခွင့်ယူလိုသောဝန်ထမ်းများ အနေဖြင့် ပထမဦးစွာ ဆေးထောက်ခံစာများ (သို့) အရှင်မွေး လက်မှတ်မိတ္တူ နှင့် တကွ မိမိဌာန အကြီးအကဲ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။ ခွင့်ပြုချက်ရယူပြီးနောက်People Management ဌာနသို့ ထိုထောက်ခံစာများနှင့် ခွင့်လျှောက်လွှာကို (နှစ်ပတ်) ကြိုတင်ပေးပို့ရမည်ဖြစ်သည်။

(စ) နာရေးခွင့်

မူဝါဒ (Policy)

၁။ဝန်ထမ်း၏ မိဘ/ဇနီး/ခင်ပွန်း/သားသမီး/မွေးချင်းမောင်နှမ နာ‌ရေးဖြစ်ခဲ့ပါက လစာ အပြည့် ဖြင့် နာရေ’ခွင့် သုံးရက် ရရှိမည်ဖြစ်သည်။

၂။ခွင့်ထပ်မံ လိုအပ်မှု ရှိပါက ဌာနအကြီးအကဲ ခွင့်ပြုချက်ဖြင့် လုပ်သက်ခွင့် ဆက်စပ် ခံစားနိုင်ပါသည်။

၃။ လုပ်သက်ခွင့်မရှိပါက ထိုဝန်ထမ်းသည် လစာမဲ့ခွင့် ကိုရယူနိုင်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။နာရေးခွင့်အား အသုံးပြုမည်ဆိုပါက မိမိ၏ ဌာန အကြီးအကဲ ထံသို့ အကြောင်းကြား ရမည် ဖြစ်ပြီး Attendance ပိတ်ရက်နှင့် တိုက်ဆိုင်ပါက ဌာနအကြီးအကဲမှ ဝန်ထမ်းကိုယ်စား ခွင့်လျှောက်လွှာကို HR ဌာသို့ ပေးပို့ရမည်။

၂။Attendance ပိတ်ရက်နှင့် မတိုက်ဆိုင်ပါက ဝန်ထမ်းမှ နာရေးခွင့်ခံစားပြီး ရုံးပြန်တတ် သည့်နေ့တွင် ခွင့်လျှောက်လွှာတွင် နာရေးဖိတ်စာ (သို့) မိသားစုဝင် သေဆုံးကြောင်း အတည်ပြု လက်မှတ် မိတ္တူတို့ဖြင့်People Management ဌာနသို့ ပေးပို့ရမည်။

(ဆ) လက်ထက်ခွင့်

မူဝါဒ ( Policy )

၁။ဝန်ထမ်းသည် မိမိကိုယ်တိုင် မင်္ဂလာဆောင်ပါက လက်ထပ်ထိမ်းမြားရန်အတွက် တစ်ကြိမ်သာ ခံစားခွင့် ရှိသည့် ခွင့်(၃)ရက် ကို လစာအပြည့်ဖြင့် ခံစားခွင့် ရှိမည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ (Procedure)

၁။ လက်ထပ်ခွင့်တောင်းခံရာတွင် ဝန်ထမ်းသည် လက်ထပ်စာချုပ်မိတ္တူ (သို့) ဖိတ်စာတို့ အားသတ်မှတ် ခွင့်လျှောက်လွှာတွင် ပူးတွဲကာ ဌာန အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်People Management ဌာနသို့ (၃)ရက် ကြိုတင်လျှောက်ထား ရမည်။

(၄.၂) ခွင့်မဲ့ / ခွင့်လွန် ပျက်ကွက်ခြင်း ( Absence)

မူဝါဒ ( Policy )

၁။ဝန်ထမ်းသည်ခွင့်ခံစားမှု ပြုလုပ်သည့် အချိန်တိုင်းတွင် တရားဝင် ထုတ်ပြန်ထားသော ခွင့်ခံစားခွင့် ဆိုင်ရာ မူဝါဒ များကို လေးစားလိုက်နာရမည် တာဝန်ရှိသည်။

၂။ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအနေဖြင့် တရားဝင်ခွင့်လျှောက်ထားခြင်းမရှိပဲ မိမိ၏ လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်လျှင်သော် လည်ကောင်း၊ ခွင့်ဆိုင်ရာ ချ မှတ် ထားသော စည်းကမ်း ချက်များအား လိုက်နာခြင်း မရှိလျှင်သော် လည်းကောင်း၊ ဌာနအကြီးအကဲ မှ ခွင့်ပြုခြင်းမရှိပဲ ခွင့်ခံစားလျှင်သော်လည်းကောင်း ထိုရက်များအား ခွင့်မဲ့ပျက်ကွက်ခြင်း အဖြစ်သတ်မှတ်မည်။

၃။ခွင့်ခံစားနေသော ဝန်ထမ်းသည် ခွင့်ရက်ပြည့်မြောက်သော်လည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်‌ရောက်ခြင်း မရှိပါကလည်း ခွင့်မဲ့ ပျက်ကွက်ခြင်း သတ်မှတ်မည်။

၄။ ဌာန အကြီးအကဲ၏ ခွင့်ပြုချက် မရှိဘဲ အကြောင်းမဲ့ ၊ခွင့်မဲ့ တဆက်တည်း (၃)ရက် အလီလီ ပျက်ကွက်ခြင်း ၊ (သို့) တစ်လအတွင်း (၅)ရက် အလီလီ ပျက်ကွက်ခြင်း (သို့) တစ်နှစ် အတွင်း (၁၀) ရက် အလီလီ ပျက်ကွက်ခဲ့ပါက အလုပ်တာဝန်များများ မှ ရပ်နား မည်ဖြစ်သည်။

(၄.၃) ခွင့်နှင့်ပတ်သက်သော စည်းကမ်းများ

(၄.၃.၁) ခွင့်စည်းကမ်းများ

၁။ခွင့်ကို ရပိုင်ခွင့်တစ်ရပ် အနေဖြင့် တောင်ဆိုခွင့်မရှိစေရ။ သတ်မှတ်ထားသော စည်းကမ်း နှင့်အညီ ဌာနအကြီးအကဲ၏ ခွင့်ပြုချက် ကြိုတင်တောင်ခံပြီး ခွင့်ပြုချက်ရရှိပြီးမှသာ ခွင့်ခံစားခွင့် ပြုမည်ဖြစ်သည်။

၂။ခွင့်များကို လိမ်လည်လျှောက်ထားခြင်း မပြုရ။ ခွင့်များအား သတ်မှတ်ထားသော ခွင့်စည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကုမ္ပဏီမှ ထုတ်ပြန်ထားသော လုပ်ငန်းခွင်စည်းကမ်းများ မူဝါဒ များလိုက်မှုမရှိဟု သတ်မှတ်ကာ People Management ဌာနသည် ဖြစ်စဉ်တိုင်းတွင် တိုက်ရိုက်တွေ့ဆုံမေးမြန်းခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို အဆင့်ဆင့် ပြုလုပ်ခွင့်ရှိသည်။

၃။လုပ်ငန်းလိုအပ်ချက်အရ ခွင့်ခံစားနေသော ဝန်ထမ်းအားခွင့်မှ ပြန်လည်ခေါ်ယူနိုင်သည်။ ပြန်လည် ခေါ်ယူသည့် ဝန်ထမ်းအတွက် ခွင့်ခံစားနေသော ‌ဒေသမှ တာဝန်ပြန်ထမ်းဆောင် ရန် စတင်ခရီးထွက်သော နေ့ရက်မှ စတင်၍ တာဝန်ချိန်ဟုသတ်မှတ်ပေးရမည်။

( ၄.၃.၂) ခွင့်ပေးပိုင်ခွင့်ရှိသူ လိုက်နာဆောင်ရွက်ရမည့် အချက်များ

၁။ခွင့်ပေးပိုင်ခွင့်ရှိသူ ဌာန အကြီးအကဲသည် လုပ်ငန်းလည်ပတ်မှုအား မထိခိုက်စေရန် ဝန်ထမ်းများ၏ ခွင့်ရက်များကို စီစဉ် ဆောင်ရွက်ရန် တာဝန်ရှိသည်။ ဝန်ထမ်းများမှ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြလာသောခွင့်ရက်များကိုလည်း ခွင့်ပြုပေးရ မည်ဖြစ်သည်။

၂။လုပ်ငန်းလိုအပ်ချက် အရ ခွင့်ပေးပိုင်ခွင့်ရှိသူ ဌာနအကြီးအကဲသည် တောင်းခံ လာသည့် ခွင့်ကို ငြင်းပယ်ခြင်း ၊ ခွင့်ပြုပြီးသော ခွင့်ကိုလည်း အရေးပေါ်ကိစ္စရပ်များ ရှိပါက ပယ်ဖျက်ခြင်း များလုပ်ဆောင် နိုင်သည်။ ငြင်းပယ်သောခွင့်ကို ယူပါက ခွင့်မဲ့ ပျက်ကွက် ခြင်းအဖြစ် သတ်မှတ်မည် ဖြစ်သည်။

၃။ ဌာနအကြီးအကဲများ ကိုယ်တိုင်ခွင့်ယူလိုပါက ခွင့်အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ် ထားသော မူဝါဒအတိုင်း CEO ထံသို့ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်။

(၄.၄) အပတ်စဉ်ပိတ်ရက်များ ၊ အများပြည်သူပိတ်ရက်များ နှင့် ဆက်စပ်ပြီး ခွင့်ယူသည့်အခါ သိရမည့်အချက်များ

၁။အပတ်စဉ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်၏ ရှေ့ချည်းသက်သက် (သို့) နောက်ချည်းသက်သက် ခွင့်ယူပါက အဆိုပါ ပိတ်ရက်များကို ခွင့်အဖြစ်ယူဆမည် မဟုတ်ပါ။

၂။အများပြည်သူအလုပ်ပိတ်ရက် (သို့) အပတ်စဉ် ပိတ်ရက်၏ အ‌ရှေ့နှင့် အနောက်တွင် ရှိသောရုံးဖွင့်ရက် နှစ်ခုစလုံးတွင် ခွင့်ယူပါက ကြားတွင်ရှိသော အများပြည်သူအလုပ် ပိတ်ရက် (သို့) အပတ်စဉ်ပိတ်ရက်များ ကိုပါခွင့်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

၃။အများပြည်သူအလုပ်ပိတ်ရက်နှင့် အပတ်စဉ် အလုပ်ပိတ်ရက်နှစ်ခုကြားဆက်၍ ရုံးဖွင့် ရက်များပါ ခွင့်ယူပါက အနောက်ရုံးပိတ်ရက်ကိုပါခွင့်အဖြစ် သတ်မှတ်မည် ဖြစ်သည်။

အခန်း (၅)

လစာ၊ အချိန်ပိုနှင့် အခြားခံစားခွင့်များ

( ၅.၁) လုပ်အားခ တွက်ချက်ခြင်း

၁။ဝန်ထမ်းတစ်ဦး၏ အခြေခံလစာကို (၃၀)ရက် ဖြင့် စား၍ရသော ပမာဏသည် တစ်ရက် လုပ်အားခ ဖြစ်သည်။

၂။လစာတွက်ချက်ရာတွင် ခံစားခွင့်များကို သတ်မှတ်ထားသော Attendance Cut Off ရက် အတိုင်း တွက်ချက်ခြင်း ဖြစ်သည်။

၃။ဝန်ထမ်းများ၏ ပထမလ လုပ်အားခကို အလုပ်စတင်ဝင်ရောက်သည့် ရက်မှစတင်ပြီး တွက်ချက်ပေးမည် ဖြစ်သည်။

(၅.၂) လစာထုတ်ပေးခြင်း

၁။ဝန်ထမ်းများအားလုံး၏ လစာငွေအား လ တစ်လ၏ နောက်ဆုံး ရက်တိုင်းတွင် ထုတ်ပေး မည် ဖြစ်သည်။ အဆိုပါ လစာပေးရက်သည် အလုပ်ပိတ်ရက်ဖြစ်ပါက ၄င်းရက်မတိုင်မီ ကြိုပေးမည် ဖြစ်သည်။ ချွင်းချက်ရှိခဲ့ပါက တစ်ရက်နောက်ဆုတ်ထုတ်ပေးမည်။

၂။ဝန်ထမ်းများ၏ လစာများအား ဘဏ် ဖြင့်ချိတ်၍ ထုတ်ပေးမည် ဖြစ်သည်။

၃။PMM ဌာနမှ ထုတ်ပေးသော လစာဖြတ်ပိုင်းများရရှိပါက ပမာဏမှန်ကန်မှုရှိမရှိ သေချာစွာ စစ်ဆေးပြီး ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက PMM ဌာနသို့ ချက်ချင်း သွားရောက်ဆက်သွယ် ရမည်။

၄။နှစ်စဉ် ဝန်ထမ်း၏ စွမ်းဆောင်ရည်အား ပြန်လည်ဆန်းစစ်မှု ပြုလုပ်မည်ဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်း လုပ်ဆောင်မှု၊ လုပ်ငန်းခွင်တွင် ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်မှု၊ သဘောထားနှင့် အပြုအမှုများပေါ် မှုတည်၍ ကုမ္ပဏီ ဝင်ငွေတိုးတတ်မှုအရ အဆင့် အလိုက်သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း လစာတိုးမည်။

၅။သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းကြောင့် ဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေးကပ်ကြောင့်ဖြစ်စေ ကုမ္ပဏီ၏ လုပ်ငန်းများ နှောင့်နှေးရပ်တန့်ခြင်းများ ကြုံလာရပါက ၄င်းကာလအ‌ေတောအတွင်း ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်နိုင်မှု အခြေအနေပေါ် မှုတည်၍ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ခံစားခွင့် များကို ပြန်လည် သုံးသပ်ပြီး စီမံခန့်ခွဲသွားမည် ဖြစ်သည်။

၆။လစာငွေနှင့် ပတ်သတ်သည့် ငတင်းအချက်အလက်များအား “လျှို့ဝှက်ချက်” အဖြစ် အချိန်တိုင်း ထိန်းသိမ်းထားရှိရမည်။ ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက မည်သူမဆို ခံဝန်ကတိ ရေးထိုးရမည် ဖြစ်သည်။

(၅.၃) နာရေးထောက်ပံ စရိတ်

၁။ဝန်ထမ်းကိုယ်တိုင်သော်လည်းကောင်း၊ ဝန်ထမ်း မိသားစုဝင်သော်လည်ကောင်း နာရေး ဖြစ်ပေါ်ခဲ့ပါက ကုမ္ပဏီမှ ထောက်ပံ့ ပေးပါမည်။

၂။နာရေးစရိတ်ထောက်ပံရာတွင် မိသားစုဝင်ဆိုသည်မှာ မိခင်၊ဖခင်၊ မွေးချင်းမောင်နှမ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့သာ အကျုံးဝင်ပါသည်။

၃။ဝန်ထမ်းကိုယ်တိုင် သေဆုံးခဲ့လျှင်People Management ၏စီစဉ်မှုဖြင့် ငွေကြေးဆိုင်ရာအကျိုးခံစားခွင့် အား သတ်မှတ်ထားသော ပုံစံ ဖြင့် ကျန်ရစ်သူမိသားစုဝင်ထံ တိုက်ရိုက်ပေးအပ်ရမည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း (Procedure)

၁။ဝန်ထမ်းကိုယ်တိုင် နာရေးအတွက် အကျိုးခံစားခွင့်ထုတ်ယူရန်People Management ဌာနမှ ဝန်ထမ်းမိသား စုထံမှ ဝန်ထမ်းသေဆုံးကြောင်း မှန်ကန်သည့်အထောက်အထားနှင့် အတူ မိသားစုဝင် ဖြစ်ကြောင်း ထောက်ခံချက် တို့ကို တောင်းယူကာ အကျိုးခံစားခွင့်လျှောက်လွှာပုံစံ နှင့် အတူ ဝန်ထမ်းသေဆုံးရက်မှ နှစ်ပတ်အတွင်း People Managementဌာနမှ CEO ခွင့်ပြုချက်ရယူကာ Account ဌာနသို့ပေးပို့ရမည်။

(၅.၄) လုပ်ငန်းလိုအပ်ချက်အရ ပြည်တွင်း/ပြည်ပ ခရီးသွားလာခြင်းဆိုင်ရာမူဝါဒ

မူဝါဒ (Policy)

(၁)လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာခြင်းအတွက် ခွင့်ပြုမိန့်တောင်းခံခြင်းဆိုင်ရာမူဝါဒ

လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာခြင်းကိစ္စအား အတည်မပြုခင် ခရီးသွားလာ မည့်ဝန်ထမ်းနှင့် အတည် ပြုမည့် အထက်လူကြီး နှစ်ဦးစလုံးသည် ၎င်းလုပ်ငန်းခရီးစဉ်မှာ အမှန်တကယ်သွားရန် လိုအပ် သည်/ မလိုအပ်သည် (သို့မဟုတ်) လုပ်ငန်းကို ကိုင်တွယ်ရန် အခြားရွေးချယ်စရာနည်းလမ်း ရှိ/မရှိ (ဥပမာ- Google / Zoom /Skype ခေါ်ဆိုပြီး) အလုပ်ပြီးမြောက်အောင် လုပ်ဆောင်၍ ရ/မရကို ပထမဦးစွာ စစ်ဆေး ရပါမည်။

(က)ပြည်တွင်းခရီးသွားခြင်းအတွက် ခွင့်ပြုမိန့် တောင်းခံခြင်းဆိုင်ရာ မူဝါဒ

ခရီးသွားမည့်ဝန်ထမ်းသည် ခရီးသွားရခြင်း၏ ရည်ရွယ်ချက်၊ ကုန်ကျနိုင်မည့် အသုံးစရိတ် အစရှိ သဖြင့် ပြည့်စုံစွာဖြည့်စွက် ဖော်ပြထားသော ရှင်းတမ်းနှင့်တကွ "ခရီးသွားလာခွင့် တောင်းခံလွှာ" တွင် လိုအပ်ချက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဌာနအကြီးအကဲထံ တင်ပြ၍ လက်မှတ်ထိုးရမည်။ ဌာနအကြီးအကဲ အနေဖြင့် ခရီးသွားရက်မတိုင်မီ ကြိုတင်၍လက်မှတ် ရေးထိုးထားရမည် ဖြစ်သည်။သက်ဆိုင်ရာဌာန အကြီးအကဲထံမှ ခွင့်ပြုမိန့် ရယူထားသော "ခရီးသွားလာခွင့် တောင်းခံ လွှာ"အား People Management ဌာနသို့ တင်ပြ၍ ရုံးစိုက်ရာဒေသမှ ထွက်ခွာခွင့်ပြုကြောင်း People Management ဌာနမှ ခွင့်ပြု လက်မှတ်ရယူ ရမည်ဖြစ်ပြီး၊ ရုံးဆိုက်ရာဒေသသို့ ပြန်လည် ရောက်ရှိသည့်နေ့တွင်လည်း ပြန်လည် ရောက်ရှိကြောင်း People Management တွင် လက်မှတ်ထိုး အတည်ပြုရ မည်ဖြစ်ပါသည်။

(ခ)ပြည်ပခရီးသွားခြင်းအတွက်ခွင့်ပြုမိန့်တောင်းခံခြင်းဆိုင်ရာမူဝါဒ

ခရီးသွားမည့်ဝန်ထမ်းသည် ခရီးသွားရခြင်း၏ ရည်ရွယ်ချက်၊ ကုန်ကျနိုင်မည့် အသုံးစရိတ် အစရှိ သဖြင့် ပြည့်စုံစွာဖြည့်စွက် ဖော်ပြထားသော ရှင်းတမ်းနှင့်တကွ "ခရီးသွားလာခွင့် တောင်းခံလွှာ" တွင် လိုအပ်ချက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဌာနအကြီးအကဲနှင့် CEOတို့ထံ တင်ပြ၍ လက်မှတ် ထိုးရမည်။ လုပ်ငန်းအတွက် နေရာထိုင်ခင်းနှင့် ခရီးသွားလာစရိတ်အား တဖက်လုပ်ငန်းမှ ကျခံမည် ဆိုပါကလည်း မိမိ၏ ဌာနမှူးနှင့် CEO တို့၏ ခွင့်ပြုချက်ကိုတောင်းခံရမည်ဖြစ်သည်။

၎င်းသက်ဆိုင်ရာဌာနမှူးထံမှ ခွင့်ပြုမိန့် ရယူထားသော "ခရီးသွားလာခွင့်လျှောက်လွှာ” အား People Management ဌာနသို့ တင်ပြ၍ ရုံးစိုက်ရာဒေသမှ ထွက်ခွာခွင့်ပြုကြောင်း People Management ဌာနမှ တာဝန်ရှိဝန်ထမ်း၏ ခွင့်ပြု လက်မှတ် ရယူရမည်ဖြစ်ပြီး၊ ရုံးစိုက်ရာဒေသသို့ ပြန်လည်ရောက်ရှိသည့်နေ့တွင်လည်း ပြန်လည် ရောက်ရှိကြောင်း People Management တွင် လက်မှတ်ထိုး အတည်ပြုရမည်ဖြစ်ပါသည်။

(၂)အသုံးစရိတ်ထုတ်ယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

(က)ဝန်ထမ်းသည် ခရီးစီစဉ်ခြင်းမပြုမီ အသုံးစရိတ်ခံစားခွင့် ကြိုတင်ငွေ ထုတ်ယူခြင်းအတွက် အတည် ပြုရပါမည်။ ထုတ်ယူထားသည့် ကြိုတင်ငွေအား ခရီးစဉ် ပြီးဆုံးပြီး (၃) ရက်အတွင်း ပြေစာများ နှင့်အတူ ကုန်ကျစရိတ်အစီရင်ခံစာကို Account ဌာနသို့ သက်ဆိုင်ရာဌာန အကြီးအကဲ နှင့် People Management မှ အတည် ပြု လက်မှတ်နှင့်တကွ ပေးပို့ရမည်။ Account ဌာနမှ စစ်ဆေးပြီးချိန်တွင် ပိုက်ဆံပိုငွေ ပြန်လည် သိမ်းဆည်းရန်နှင့် လိုငွေထုတ်ပေးရန် လုပ်ဆောင်ရမည်။

(ခ)သက်ဆိုင်ရာဌာန အကြီးအကဲ နှင့် People Management Department သည် သတ်မှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန်နှင့် တရားဝင် ငွေပေးချေမှု စာရွက်စာတမ်းများရှိစေရန် ကုန်ကျစရိတ် အစီရင်ခံစာကို ပြန်လည်သုံးသပ်ရန် တာဝန်ရှိသည်။

(၃)လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာခြင်းအတွက် စားသောက်စရိတ်ခွင့်ပြုငွေ

(က)အောက်ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းနှင့်ဆက်စပ်သော ခရီးစရိတ် များအတွက် ပြန်လည် ပေးချေပါမည်။

(ခ)သတ်မှတ်ထားသည့် တစ်ရက်စာအသုံးစရိတ်တွင် အစားအသောက်နှင့် အထွေထွေကုန်ကျ စရိတ် များအတွက် ပါဝင်ပါသည်။ ၎င်းတစ်ရက်စာအသုံးစရိတ်အတွက် ပြေစာများ မလိုအပ် သော်လည်း ထိုအသုံးစရိတ် သတ်မှတ်မှုတွင် မပါဝင်သည့် အခြားအသုံးစရိတ်များအတွက်မှု ပြေစာများ လိုအပ် ပါသည်။

(၄)သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့် မူဝါဒ

(က)လေကြောင်းနှင့်သွားလာရေး

(၁)မြန်မာနိုင်ငံအတွင်း ကားဖြင့် သွားလာရန် ခက်ခဲသောနေရာသို့ ခရီးသွားရလျှင် (သို့မဟုတ်) CEO ၏ ခွင့်ပြုချက်ဖြင့်သာ လေယာဉ်ဖြင့် သွားလာခွင့် ရရှိမည် ဖြစ်သည်။

(၂)စရိတ်သက်သာစေရန်အတွက် ကုမ္ပဏီမှ စာချုပ်ချုပ်ဆိုထားသည့် Corporate Agency ရှိခဲ့လျှင် ၎င်းမှ တဆင့်သာ ကြိုတင်စာရင်းသွင်းရမည် ဖြစ်သည်။

(၃)လေယာဉ်ဖြင့်ခရီးသွားရပါက ဝန်ထမ်းအားလုံးသည် Economy Class ဖြင့်သာ သွားရမည်။ အကယ်၍ မိမိသွားရမည့်နေ့တွင် Economy Class မရပါက Business Class စီးနင်းခွင့်ရရန် CEO ၏ ခွင့်ပြုချက်အား တောင်းခံရမည်ဖြစ်သည်။

(ခ)ခရီးစဉ်တွင်‌ မော်တော်ယာဉ်စရိတ် ခွင့်ပြုငွေ

မော်တော်ယာဉ်စရိတ် ခွင့်ပြုငွေသည် အောက်ပါ လမ်းကြောင်းများအတွက် အကျုံးဝင်သည်။

၁။ရုံးစိုက်ရာဒေသမှ ခရီးသွားရမည့် ဒေသသို့ အသွားအပြန်လမ်းကြောင်း (ကား/လေကြောင်း)

၂။လေဆိပ် (သို့) ကားဂိတ်မှ တည်းခိုသည့်နေရာသို့ အသွားအပြန် လမ်းကြောင်း

၃။နေရာဒေတစ်ခုသို့ ခရီးသွားနေစဉ် အခြားဒေသခရီးစဉ် (သို့) အလုပ်ကိစ္စဖြင့် ထပ်မံ သွားရောက် ရပါက အသွားအပြန် လမ်းကြောင်း။

၄။ရုံးမှ ကားစီစဉ် ပေးပါက မော်တော်ယာဉ် အသုံးပြုစရိတ် ရရှိမည်မဟုတ်ပါ။

၅။ရုံးမှ ကားစီစဉ်ပေးရန် အဆင်မပြေသော အခြေအနေတွင်သာ မော်တော်ယာဉ် အသုံးပြုခွင့်စ ရိတ်ထုတ်ယူခွင့် ရှိမည်။

၆။ကုမ္ပဏီကား အသုံးပြုမည်ဆိုပါက People Management ဌာနသို့ ကြိုတင် အကြောင်းကြား ရမည်။

၇။ပြည်တွင်း/ပြည်ပခရီးစဉ်အတွက် သီးသန့်အဌားယာဉ် ဝန်ဆောင်မှုအား အသုံးပြုမည်ဆိုလျှင်-

(က)ကားဌားရမ်းရခြင်း၏ အသေးစိတ်အချက်အလက်များကို “ခရီးစရိတ် တောင်းခံလွှာ” တွင် ပြည့်စုံစွာ ဖြည့်စွက်ကာ သဘောတူညီမှု တောင်းခံရမည်။

(ခ)ကားဌားရမ်းခြင်းမပြုမီ ကုန်ကျစရိတ်သက်သာမှုရှိစေရန် Public Transportation သို့မဟုတ် Taxiစီးရန် အစရှိသည့်ရွေးချယ်မှုများကိုလည်း ထည့်သွင်းစဉ်း စားရမည်။

(ဂ)ဝန်ထမ်းများသည် ခရီးစဉ်တွင် ကားမောင်းရမည့် အကြောင်းအရင်းများ ပေါ်ပေါက် လာပါက မိမိရောက်ရှိနေသောနိုင်ငံတွင် အကျုံးဝင်သော ကားမောင်းလိုင်စင် ရှိရမည်။

(၅)တည်းခိုစရိတ်နှင့်ပတ်သက်သည့် မူဝါဒ

(က)နေထိုင်ရန် မစီစဉ်ပေးနိုင်သည့်အခြေအနေတွင် ကုမ္ပဏီမှ သတ်မှတ်ထားသည့်အတိုင်း တည်းခို စရိတ်ကို ထုတ်ပေးမည်ဖြစ်သည်။

(ခ)တည်းခိုရာတွင် အခန်းတစ်ခန်းလျှင် နှစ်ဦးနှုန်းဖြင့် တည်းခိုကြရမည်။ (အမျိုးသမီး (၂)ဦး (သို့) အမျိုးသား (၂) ဦး)။ တစ်ဦးတည်းခရီးသွားပါက ဖော်ပြပါ နှုန်းထားအတိုင်း အကျုံးဝင်ပါသည်။

(ဂ)တည်းခိုခန်းအား အောက်ပါ စံသတ်မှတ်ချက်များနှင့်အညီ ကြိုတင်စာရင်းပေးသွင်းရပါမည်။

(ဃ)အလုပ်နှင့်ခရီးသွားသောသူများ ပုံမှန်တည်းခိုနိုင်သည့် စံနှုန်းရှိသော ဟိုတယ်နှင့် အလုပ်နှင့်နီးသော နေရာတွင် တည်ရှိသော ဟိုတယ်များတွင်သာ တည်းခိုခွင့်ရှိသည်။

မှတ်ချက် - ကြာရှည်နေထိုင်ခြင်းအတွက်ဖြစ်စေ၊ ပုံမှန်အလုပ်ခရီးအတွက်ဖြစ်စေ People Management Department သည် ဝန်ထမ်း အတွက် အသင့်လျော်ဆုံးနေရာထိုင်ခင်းရွေး ချယ်မှုကို ဆုံးဖြတ်ပေးရမည်။

၆။အသုံးစရိတ်ရှင်းတမ်းဆိုင်ရာမူဝါဒများ

အသုံးစရိတ်များအား တောင်းခံရာတွင်ဖြစ်စေ၊ အသုံးစရိတ်များအား ပြန်လည်ရှင်းတမ်း ပြုလုပ်ရာတွင် ဖြစ်စေ ဌာနမှူး နှင့် People Management Department အတည်ပြုချက်နှင့် ပြေစာအသေးစိတ်များပါ တင်ပြရန် လိုအပ်ပါသည်။

၇။ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့် လူမှုဖူလုံရေးကြေးများ ထည့်ဝင်မှု

(က)ဝင်ငွေခွန်ပေးဆောင်ခြင်း

ကုမ္ပဏီ မှ ခန့်အပ်ထားသော မည်သည့်ဝန်ထမ်းမဆို ဝန်ထမ်းအားလုံးသည် စုစုပေါင်းလစာပေါ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန မှပြဌာန်းထားသော အခွန်ပေးဆောင်ခြင်း ဆိုင်ရာမူဝါဒ အတိုင်းပေးဆောင် ရန် ကုမ္ပဏီဘက်မှ စီစဉ် ဆောင်ရွက်ပေးသွားပါမည်။ PIT စလစ်အား တစ်နှစ် တစ်ကြိမ်(သို့) အလုပ်ထွက်လျှင် ထုတ်ပေးမည်။

(ခ)လူမှုဖူလုံရေးကြေး

ကုမ္ပဏီ မှခန့်အပ်ထားသောမည်သည့်ဝန်ထမ်းမဆို ဝန်ထမ်းအားလုံးသည် မိမိတို့၏ အခြေခံ လစာပေါ်တွင် ပေးဆောင်ရမည့် လူမှုဖူလုံ‌ရေးကြေး ထည့်ဝင်ပေးဆောင်ရမည်။ ဝန်ထမ်းများ သည် သက်ဆိုင်ရာအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြဌာန်းချက်များအတိုင်း ပေးဆောင်သွားရမည် ဖြစ်သည်။ ထိုပေးမှုများအား လစဉ် People Management Department မှ စီစဉ် ဆောင်ရွက် သွားရမည်။

အခန်း(၆)

လစာတိုးမြှင့်ခြင်း နှင့် ရာထူးတိုးမြှင့်ခြင်း

(၆.၁) လစာတိုး/ရထူးတိုးခြင်း

၁။ကုမ္ပဏီအတွင်းရှိ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင် ဝန်ထမ်းများရှိစေရန် အလို့ဌာ ဝန်ထမ်းများ၏ လုပ်သက်၊ အတွေ့အကြုံ ၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်မွေးဝမ်းကြောင်း တိုးတတ်မှု အစရှိသည့် အချက်များကို စိစစ်ပြီး ထိုက်သင့်သော ရာထူး၊ လစာ သတ်မှတ်ချက်များကို PMM ဌာန မှ နှစ်စဉ် စိစစ်ထားပါသည်။

၂။ဝန်ထမ်းများအားလုံး၏ စွမ်းဆောင်ရည်ကို သက်ဆိုင်ရာ HOD ကုမ္ပဏီမှ ချမှတ်ထားသော ကာလ များအတိုင်း စိစစ်အကဲဖြတ်မှုများ ဆောင်ရွက်မည် ဖြစ်ပြီး အကဲဖြတ်မှု ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိစေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ထားသော လုပ်ငန်းဆောင်တာများ ပေါ် လွင်စေရန် PMM ဌာနမှ ထို အကဲဖြတ်လုပ်ငန်းစဉ်ကို နည်းစနစ်ကျနစွာ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၃။ရာထူးတိုး/လစာတိုးမည့် ဝန်ထမ်းသည် လက်ရှိရာထူးတွင် ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်သက် ရှိသူဖြစ်ရမည်။ ရာထူးတိုးရာတွင် တိုးမြှင့်လိုက်သော ရာထူးအသစ်၌ အစမ်းခန့် ကာလမပါပဲ တိုက်ရိုက် သော်လည်းကောင်း၊ အစမ်းခန့်ကာလ ( ၃ )လ မှ ( ၆ ) လ ဖြင့် သော်လည်းကောင်း တိုးမြှင့် နိုင်သည်။

၄။ရာထူးတိုးမြှင့်သည့် အစမ်းခန့်ကာလတွင် သတ်မှတ်လစာဖြင့်သာ ခံစားခွင့်ရမည်ဖြစ်ပြီး ရာထူးတိုးမြှင့်ခြင်း အတည်ပြုပြီးမှသာ အတည်ပြုလစာဖြင့် ပြောင်းလဲခံစားရရှိမည် ဖြစ်သည်။

၅။သတ်မှတ်ထားသည့် လစာတိုးကာလမှာ လစာတိုးခြင်း မဟုတ်ပဲ ကြားဖြတ်ကာလများ တွင်ချွင်းချက်အနေဖြင့် လစာတိုး / ရာထူးတိုးပေးချင်းသူများ ရှိလာပါက HOD သည် “လစာ / ရာထူးတိုး တိုးမြှင့်ခြင်း တောင်ခံလွှာ”(Requisition For Promotion or Increment From) အား PMM ဌာနတွင် ထုတ်ယူကာ လိုအပ်သည့် အချက်အလက်များအား ဖြည့်စွက်ပြီးနောက် ပထမဦးစွာ PMM ဌာနမှ တာဝန်ရှိနှင့် ကုမ္ပဏီမှ သတ်မှတ်သည့် မူဝါဒနှင့် အညီ ရာထူးနှင့် တိုးမြှင့်လစာအား မည်သို့ ပေးရမည်ကို ဆွေးနွေးရပါမည်။ ထိုနောက် CEO ထံ ခွင့်ပြုချက်ရယူပြီးမှသာ ရာထူး / လစာ တိုးမြှင့်ခွင့်ရှိပါသည်။

၆။ခွင့်ပြုပြီး “လစာ/ရာထူး တိုးမြှင့်ခြင်း တောင်းခံလွှာ” အား သက်ဆိုင်ရာ ဝန်ထမ်း၏ ကိုယ်ရေးမှတ်တမ်းဖိုင်တွင် တွဲထားရမည်။

( ၆.၂ )ရာထူးအဆင့်ဆင့် သတ်မှတ်ပုံ

အခန်း(၇)

ဝန်ထမ်းရေးရာ မှတ်တမ်းများ

မူဝါဒ (Policy)

ဝန်ထမ်းများ၏ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ကိုယ်‌ရေးအချက်အလက်များ ကို စုဆောင်းထားခြင်းဖြင့် ကုမ္ပဏီမှ သက်ဆိုင်ရာသို့ အချိန်မှီဆက်သွယ် စုံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ ဝန်ထမ်းအားလုံးသည် အောက်ဖော်ပြပါ ကိုယ်ရေးအချက်အလက်မ‌များပြောင်းလဲ သည့်နှင့် HR ဌာနသို့ ပေးပို့ရမည်။

(က)အမည်ပြောင်းလဲခြင်း

(ခ)လိပ်စာပြောင်းလဲခြင်း

(ဂ)ဖုန်းနံပါတ်ပြောင်းလဲခြင်း

(ဃ)တာဝန် ထမ်းဆောင် နေစဉ်အတွင်း သင်တန်းများ ပြီးမြောက် ပါက မှတ်တမ်း မိတ္တူများ

(င)အရေးပေါ်အခြေအနေတွင် အသိပေးခံရမည့် မိသားစုဝင်ပြောင်းလဲခြင်း

(စ)သန်းခေါင်စာရင်းပြောင်းလဲခြင်း

လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများ ( Procedure)

၁။အထက်ဖော်ပြပါ အချက်များ အပြောင်းအလဲရှိပါက HR ဌာနရှိ “ဝန်ထမ်း၏ ကိုယ်ရေး မှတ်တမ်းများ ပြောင်းလဲခြင်းလျှောက်လွှာ” တွင် ဖြည့်စွက်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား မိတ္တူနှင့် အတူ အမြန်ဆုံးသတင်းပေးပို့ရမည်။

၂။လျှောက်လွှာလက်ခံပြီးပါက HR ဌာမှ (၁)ရက်အတွင်း ဝန်းထမ်းအချက်အလက်များကို Update လုပ်ပြီး ဝန်ထမ်း၏ personal file တွင် တွဲထားရမည်။

အခန်း(၈)

လုပ်ငန်းခွင်စည်းကမ်းများ

(၈.၁) ဝန်ထမ်းများ လိုက်နာရမည့် လုပ်ငန်းခွင် စည်းကမ်းများ

ရည်ရွယ်ချက် (Purpose)

ကုမ္ပဏီအတွင်း ပြစ်မှုများ၊ စည်းကမ်းမဲ့အပြုအမူများကို ရှောင်ရှားစေရန်၊ တည်ငြိမ်အေး ချမ်းသော လုပ်ငန်းခွင်တစ်ခု တည်ဆောက်နိုင်ရန် နှင့် ဝန်ထမ်းများ စည်းကမ်းရှိစေအတွက် ကျင့်ဝတ်စည်းကမ်းများ ပြစ်မှု အမျိုးအစားများ နှင့် ပြစ်ဒဏ်များကို သတ်မှတ်ထားခြင်းဖြစ်သည်။

မူဝါဒ (Policy)

(က)သာမာန်ပြစ်မှုများ

၁။ကုမ္ပဏီမှ သတ်မှတ်ထားသော အလုပ်ချိန်နှင့်အညီ အချိန်မှန်စွာ အလုပ်တတ်ခြင်း၊ ဆင်းခြင်းပြုရမည်။ အလုပ်ခွင်သို့ရောက်ရှိပါက ကိုယ်ရေးကိုယ်တာ ကိစ္စရပ်မျးဖြင့် ပြင်ပသို့ ထွက်ခွာ ခြင်းမပြုရ။ ပြင်ပသို့ ထွက်လိုပါက တာဝန်ရှိသူ၏ ခွင့်ပြုချက်ရယူပြီးမှသာထွက်ရမည်။ သတ်မှတ်ထား သော အလုပ်ချိန်ထက် နောက်ကျခြင်း၊ စောပြန်ခြင်းများမပြုလုပ်ရ။

၂။အလုပ်တတ်/ဆင်း ခြင်းများ ကုမ္ပဏီမှ သတ်မှတ်ပေးထားသော ပုံစံ အတိုင်းအသုံးပြု အလုပ်တတ် / အလုပ်ဆင်း လက်မှတ်ထိုးခြင်းများ ကို ဆောင်ရွက်ရမည်။ တခြားသူအား ကိုယ်စား လုပ်ဆောင်စေခြင်း မပြုရ။

၃။ကုမ္ပဏီ၏ဝန်ထမ်းဖြစ်ကြောင်း သိသာထင်ရှားစေရန် ဝန်ထမ်းကဒ်ကို အလုပ်ချိန် အတွင်း အမြဲတမ်း ချိတ်ဆွဲထားရန် နှင့် တူညီဝတ်စုံ (Uniform) များအားလည်း မဝတ်ဆင်ပဲမနေရ။

၄။တာဝန်ရှိသူများနှင့် ဝန်ထမ်းအချင်းချင်းအား မရိုမသေမလေးမစားပြုခြင်း၊ မထီမဲ့မြင်ပြုခြင်း စသော အပြုအမူများ မပြုလုပ်ရ။

၅။လုပ်ငန်းနှင့် ပတ်သတ်၍ ဌာနအကြီးအကဲ၊ တာဝန်ခံများက ပေးအပ်သည့်တာဝန်များ၊ ညွှန်ကြားချက်များကို သွေဖယ်ငြင်းဆန်ခြင်းမပြုရ။

၆။HOD များက အဆင့်လိုက်သတ်မှတ် ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် အလုပ်ချိန်တွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်။

၇။အလုပ်တာဝန်များ ပြီးဆုံးချိန်တွင် မိမိ၏လုပ်ငန်းနေရာ ရှုပ်ပွညစ်ပေအောင် မထားရ။ လုပ်ငန်း သုံးပစ္စည်းများကို စနစ်တကျသပ်ရပ်စွာ သိမ်းဆည်းထားသိုရမည်ဖြစ်ပြီး သန့်ရှင်းရေး ပြုလုပ်ခဲ့ရမည်။ မီးခလုတ်များကို မလိုအပ်ပဲ မဖွင့်ခြင်း မပြုရ။

၈။ကုမ္ပဏီပိုင်ပစ္စည်းများ ကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုရ။

၉။ဝန်ထမ်းများအနေဖြင့် မိမိတို့ အကျိုးစီးပွားနှင့် ပတ်သတ်သော လုပ်ငန်းများအား ရုံးချိန်အတွင်း လုံးဝ မပြုလုပ်ရ။

၁၀။ဝန်ထမ်းအချင်းချင်း အရှက်ရစေရန်၊ သိက္ခာပျက်ယွင်းစေရန် ရည်ရွယ်ချက်ဖြင့် နောက်ပြောင် ခြင်း အော် ဟစ်ဆူညံခြင်း၊ အပြောအဆိုအပြုအမူ ရိုင်းစိုင်းကြမ်းတမ်းခြင်း မပြုလုပ်ရ။

၁၁။အလုပ်ခွင် အတွင်း၌ လုပ်ငန်းထိခိုက်အောင်ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကိုယ်ထိလက် ရောက် ကျုးလွန်ခြင်း မပြုလုပ်ရ။

၁၂။မိမိတာဝန်ကျချိန်မှ အပ သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရရှိပဲ ကုမ္ပဏီအတွင်း ဝင် / ထွက် သွား လာခြင်း၊ ဝင်ရောက် နေထိုင်ခြင်းမပြုရ။

၁၃။တားမြစ်ထားသည့် နေရာများကို ခွင့်ပြုချက်မရဘဲ ဝင်‌ရောက်ခြင်းမပြုရ။

၁၄။ကုမ္ပဏီအဆောက်အဦး၊ နံရံ/ တံခါး/ ပြတင်းပေါက်၊ ပစ္စည်းကိရိယာ၊ အသုံးအဆောင်များ ပေါ် တွင် အရုပ်များ၊စာများ၊ရုပ်ပြောင် (ကာတွန်း) များရေးဆွဲခြင်း၊ ကြေငြာခြင်း၊ ညစ်ပတ်ပေကျံ အောင် ပြုလုပ်ခြင်းများ မပြုလုပ်ရ။

၁၅။သန့်စင်ခန်းများကို စည်းကမ်းတကျ သန့်ရှင်းစင်ကြယ်စွာ အသုံးပြုရမည်။ ရေငုတ်တိုင်များ၊ လက်ဆေးကန်များမှ ရေပိုက်ခေါင်းများကို စနစ်တကျ ဖွင့်ပိတ်ရမည်။

၁၆။အလုပ်ချိန်အတွင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဧည်သည်များကို လက်ခံတွေ့ဆုံခြင်း၊ ခွင့်ပြု ချက်မရဘဲ ပြင်ပမှလူကို ခေါ် ဆောင်လာခြင်း (သို့) လက်ခံထားခြင်းမပြုလုပ်ရ။

၁၇။အလုပ်ချိန်အတွင်း အိပ်ငိုက်ခြင်း၊ လဲလျောင်းခြင်း၊ အိပ်စက်ခြင်း၊ ထမင်းစားခြင်း၊ မုန့်စားခြင်း၊ ကစား ခြင်း၊ အလုပ်မလုပ်ဘဲထိုင်နေခြင်း မပြုလုပ်ရ။

၁၈။ရုံးခန်းအတွင်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကွမ်းတံတွေးထွေးခြင်း လုံးဝမပြုလုပ်ရ။

၁၉။အလုပ်ချိန်အတွင်း ခွင့်ပြုချက်မရရှိဘဲ ငွေကြေးနှင့်ပတ်သက်သောကိစ္စများ ဆောင်ရွက်ခြင်း မ ပြုရ။ (ဥပမာအားဖြင့် အလှူခံခြင်း၊ ရန်ပုံငွေလက်မှတ်များ ရောင်းချခြင်း၊ ငွေချေးခြင်း၊ အတိုးပေးခြင်း၊ လစာ လွှဲပြောင်းခြင်း။)

၂၀။ဝန်ထမ်းများအနေဖြင့် မိမိတို့ အကျိုးစီးပွားနှင့်ပတ်သက်သော လုပ်ငန်းများအား ရုံးချိန်အတွင်း လုံးဝ မပြုလုပ်ရ။ (ဥပမာ- စျေးရောင်းချခြင်း၊ မိမိကုန်ပစ္စည်းအား ဝယ်ယူချင်အောင် ဆွဲဆောင်ခြင်းစသော ကိစ္စများ ဆောင်ရွက်ခြင်း မပြုရ။)

၂၁။အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ကိစ္စရပ်များ လုံးဝမပြုလုပ်ရ။

၂၂။ကြေငြာသင်ပုန်းတွင် ကပ်ထားသောအမိန့်၊ ကြော်ငြာစာတမ်းများကို တမင်သက်သက် ဖျက်ဆီးခြင်း၊ ထပ်မံရေးခြစ် ပုံပျက်စေခြင်း မပြုရ။

၂၃။လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို အလေးထား လိုက်နာရမည်။ ကိရိယာ တန်ဆာပလာများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရ။

၂၄။လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲစာရွက်စာတမ်းများ ဖြန့်ဝေခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

၂၅။ကုမ္ပဏီ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံဆော်ခြင်းမပြုရ။

၂၆။တာဝန်အရ စစ်ဆေးခြင်းအပေါ် ငြင်းပယ်ခြင်း၊ မချေမငံပြုမူပြောဆို ဆက်ဆံခြင်းမပြုရ။

၂၇။အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သော ဒေသန္တရ အမိန့်နှင့်ညွှန်ကြားချက်များကို သွေဖယ် ငြင်းဆန်ခြင်း မပြုရ။

၂၈။ရည်ရွယ်ချက်ဖြင့် တမင်လုပ်ငန်းကျဆင်းစေရန် စွမ်းဆောင်ရည် လျှော့ချခြင်းမပြုရ။

၂၉။လုပ်ငန်းခွင် အတွင်းလုပ်ငန်းခွင် အေးချမ်းသာယာရေးကိသော်လည်းကောင်း၊ လုပ်ငန်း တိုးတက် ရေးကို သော်လည်းကောင်း ထိခိုက်စေနိုင်သည့် တရားမဝင် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းရန် စည်းရုံး လှုံဆော်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအလုပ်မဆင်းရန် နှိုးဆော်ခြင်းများကို မပြုလုပ်ရ။

၃၀။မိမိတာဝန်ထမ်းဆောင်နေသော အလုပ်ချိန်အတွင်း ယဉ်ကျေးမှုနှင့် မဆီလျော်သော အပြောအဆို အနေအထိုင် အပြုအမူများကို လုံးဝ မပြုလုပ် ရ။

၃၁။ဝန်ထမ်းများသည် ဖောက်သည်များ မြင်နိုင်သော/ကြားနိုင်သော ဧရိယာအတွင်း ယဉ်ကျေးမှုနှင့် မဆီလျော်သော အများအမြင် မတင့်တယ်သော အပြုအမူ အပြောအဆို အနေအထိုင်များ ပြုလုပ်ခြင်း မပြုရ၊ (ဥပမာ- စကားကျယ်လောင်စွာပြောဆိုခြင်း/ အသံကျယ်လောင်စွာ ရီမောခြင်း/ ဒူးပေါ် ပေါင်ပေါ်ထိုင်ခြင်း/ဝန်ထမ်းအချင်းချင်းအငြင်းအခုံလုပ်ခြင်း/အခြားဝန်ထမ်းတစ်ယောက်အကြောင်းကိုဝေဖန်ပြောဆိုခြင်း/ကြမ်းတမ်းစွာ တံတွေးထွေးခြင်းများ မပြုလုပ်ရ။

၃၂။ဝန်ထမ်းအချင်းချင်း ညီအကို မောင်နှမကဲ့သို့ ရိုးသားသော စိတ်ထားဖြင့် ပြုမှုပြောဆိုရမည်။ ဝန်ထမ်း အမျိုးသားနှင့် အမျိုးသမီး ပြောဆိုဆက်ဆံရာတွင် ကိုယ်ထိလက်‌ရောက်ပြုမှုခြင်း/ ‌ရောထွေး ယှက်တင် ခြင်း မပြုလုပ်ရ။ ဝန်ထမ်းအမျိုးသားနှင့် အမျိုးသမီး ပြောဆိုဆက်ဆံရာတွင် မရိုးသားသော စိတ်ထားနှင့် အနှောင့် အသွား မလွတ်သော အပြုအမူများနှင့် စကားများ မပြော ရ။ အထက်ပါအချက်များကို ဝန်ထမ်းများအနေဖြင့် မပြုလုပ်ကြရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိရပါက ပထမ အကြိမ်တွင်နှုတ်ဖြင့် သတိပေး၍သော်လည်းကောင်း၊ ဒုတိယအကြိမ်တွင် စာဖြင့်သတိပေး၍ သော် လည်းကောင်း၊ တတိယ အကြိမ်တွင် ဝန်ခံကတိ ရေးထိုးစေပြီး ထပ်မံကျူးလွန်ပါက အလုပ်တာဝန်မှ ထုတ်ပယ် သည်အထိ အရေး ယူခြင်းခံရမည်ဖြစ်သည်။

(ခ) ကြီးလေးသောပြစ်မှုများ

၁။ခိုးမှုကျူးလွန်ခြင်း၊ ခိုးရာပါပစ္စည်းလက်ခံထားခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ အလွဲသုံးစား ပြုလုပ် ရာတွင် ပါဝင်ကူညီခြင်း စသည့်တို့ကို မပြုလုပ်ရ။

၂။ကုမ္ပဏီလုပ်ငန်းပိုင်ပစ္စည်းတစ်ခုခုကို တမင်သက်သက် ဖျက်စီးခြင်း၊ ပျက်စီးစေခြင်း၊ ဆုံးရှုံးစေခြင်းများ မပြုလုပ်ရ။

၃။ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်ခြင်း၊ တစ်စုံတစ်ဦးအား အပြင်းအထန်နာကျင်နာကျင်စေမှု ဖြစ်စေရန် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း၊ စကားများ ရန်ဖြစ်ရိုက်နှက်ခြင်းများ မပြုလုပ်ရ။

၄။အကျင့်စာရိတ္တပျက်ပြားမှုနှင့် စပ်လျဉ်းသည့် ရာဇဝတ်မှုကျူးလွန်ခြင်းများ မပြုရ။

၅။မရိုးသားမှု၊ လိမ်လည်မှု၊ လာဘ်ပေး၊ လာဘ်ယူမှုပြုလုပ်ခြင်းများ မပြုလုပ်ရ။

၆။လုပ်ငန်းခွင်အတွင်း အရက်သေစာယူဆောင်လာခြင်း၊ သောက်စားမူးယစ်ခြင်း၊ ရောင်းဝယ်ခြင်း မပြုရ။

၇။မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်သုံးစွဲခြင်းများ မပြုလုပ်ရ၊

၈။လုပ်ငန်းခွင်အတွင်းသို့ လက်နက်ဥပဒေအရ ကိုင်ဆောင်ရန်တားမြစ်ထားသည့် လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ခဲယမ်းနှင့် ပစ္စည်းများယူဆောင်လာခြင်းမပြုရ။

၉။ပေါက်ကွဲမီးလောင်နိုင်သည့်နေရာနှင့် အလုပ်ခွင်အတွင်း တားမြစ်ထားသော နေရာများသို့ ခွင့်ပြုချက် မရှိဘဲ သွားလာခြင်း မပြုရ။

၁၀။မိမိကုမ္ပဏီ၏ အထူးလျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များ၊ စာရင်းဇယားများ၊ နည်းပညာ များ စသည့် အရေးကြီးကိစ္စများကို အခြားတစ်နေရာသို့ မပေါက်ကြားစေရ။၊ သတင်းပေးမှုများ မပြု လုပ်ရ။ ခွင့်ပြုချက်မရဘဲ တယ်လီဖုန်း၊ ကင်မရာတို့ဖြင့် ဓာတ်ပုံများရိုက်ခြင်းများမပြုလုပ်ရ။ စာရွက် စာတမ်းများကို အဖွဲ့အစည်းမှ ခွင့်မပြုသော ကိစ္စ များတွင် အသုံးပြုခြင်း ၊ အတုပြုလုပ်ခြင်း ခွင့်ပြုချက် မရှိပဲ ပြင်ဆင်ဖြည့်စွက် အသုံးပြုခြင်း မပြုလုပ်ရ

၁၁။ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရပြီး ပြစ်ဒဏ်စီရင်ခံရခြင်းများ မဖြစ်ပေါ်စေရ။

၁၂။ သက်ဆိုင်ရာဌာနအကြီးအကဲ၊ တာဝန်ခံများ၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ခွင့်မဲ့ တဆက်တည်း (၃)ရက်ပျက်ကွက်ခြင်း သို့မဟုတ် တစ်လအတွင်း ခွင့်မဲ့အလီလီ (၅)ရက် ပျက်ကွက် ခြင်းမပြုရ။

၁၃။ကုမ္ပဏီမှချမှတ်ထားသော မူဝါဒများအား ဆန့်ကျင်ခြင်းနှင့် ရည်ရွယ်ချက်ရှိစွာ ဖောက်ဖျက်ရန် ကျူးလွန်ခြင်း မပြုလုပ်ရ။

၁၄။မိမိတာဝန်ယူရသော အလုပ်အား မကြာခဏ ပျက်ကွက်ခြင်း ၊ တမင်တကာ လျစ်လျူရှုခြင်း၊ အလုပ်များ ရပ်တန့်သွားရန် ပြုလုပ်ခြင်း၊ ကုမ္ပဏီ၏ဂုဏ်သိက္ခာ ထိခိုက်စေခြင်း မပြုလုပ်ရ။

၁၅။ဖောက်သည်များကို ယဉ်ကျေးပျူဌာ စွာ လေးစားစွာ ဆက်ဆံ ရမည်။ ယဉ်ကျေးမှုနှင့် မဆီလျော်သော ပြုမှုဆက်ဆံခြင်းမျိုး တွေ့ ရှိပါက (သို့မဟုတ်) တိုင်ကြားခံ ရခြင်း များ ခွင့်မပြုပါ။

၁၆။သက်ဆိုင်ရာ တာဝန်ခံများမှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင် ရမည်။ မိမိထက် ရာထူး ကြီးသူများအား မထီမဲ့မြင်ပြုခြင်း၊ ရန်ပြုခြင်း များ ခွင့်မပြုပါ။

၁၇။မိမိတို့ လုပ်ငန်းသို့‌ရောက်ရှိလာသော ဖောက်သည်များနှင့် ဧည့်သည်များ ၏ ငွေ/ပစ္စည်းများအား မရိုး မသား ပြုလုပ်ခြင်း မ ရှိ ရ။

၁၈။ဝန်ထမ်း(အထက်လူကြီးများအပါအဝင်)အချင်းချင်း မရိုမသေ မလေးမစားပြုခြင်း၊ မထီမဲ့မြင်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ ဝန်ထမ်းအချင်းချင်း အရှက်ရစေရန် သိက္ခာပျက်ယွင်းစေရန် ရည်ရွယ်ချက်ဖြင့် ပြုမူပြောဆိုခြင်းမပြုရ။

၁၉။လုပ်ငန်းခွင် အေးချမ်းသာယာမှုကိုဖြစ်စေ၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကိုဖြစ်စေ ပျက်ပြား စေရန် ပြုလုပ်ခြင်း (သို့မဟုတ်) ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီခြင်း မပြုလုပ်ရ။

၂၀။ဝန်ထမ်းအချင်းချင်း အလုပ်ပြောင်းသောငှာ အားပေးခြင်း၊ စေ့ဆော်ခြင်း၊ ကူညီခြင်း မပြုလုပ်ရ။

၂၁။ကုမ္ပဏီတွင် ဝန်ထမ်းချင်းချင်း ဂုဏ်သိက္ခာကျဆင်းစေရန် (သို့မဟုတ်) အထင်မြင်လွဲမှားစေရန် ရည်ရွယ် ချက်ဖြင့် မဟုတ်မမှန်သော သတင်းစကားများ၊ ကောလဟာလများကို ဖြန့်ဝေခြင်း၊ ပြောဆိုခြင်း မပြုလုပ်ရ။

၂၂။မိမိနှင့် မသက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များတွင် ဝင်ရောက် ဆွေးနွေးခြင်း၊ စွက်ဖက်ခြင်း၊ စပ်စုခြင်းနှင့် ဝေဖန်ပြစ်တင်ခြင်း မပြုလုပ်ရ။ လုပ်ငန်း တိုးတက်မှု နှင့် တစ်ဦးတစ်ယောက်ချင်းစီ ၏တိုးတက်မှု ကို ‌‌‌ရှေးရှု၍ အပြုသ‌ဘောဆောင်သည့် ဆွေးနွေးမှုသာ ပြုလုပ်ရမည်။

၂၃။အခြားဝန်ထမ်းတစ်ဦးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် စွပ်စွဲတိုင်ကြားခြင်း မပြုလုပ်ရ။

၂၄။ကုမ္ပဏီသို့ ဝင်‌ရောက်လာသော ဝန်ထမ်းအသစ်များကို နွေးထွေးပျူဌာစွာကြိုဆိုခြင်း၊ လိုအပ်သည့် သင်ကြားမှုများပြုလုပ်ပေးခြင်း မည်သည့် ရာထူးမဆို လေးစားစွာ ‌‌ပြောဆိုဆက်ဆံခြင်းဖြင့် ဝန်ထမ်း အသစ်များ ကုမ္ပဏီလုပ်ထုံးလုပ်နည်းများဖြင့် အကျွမ်းတဝင် ရှိစေရန် သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများနှင့်တာဝန်ရှိ ဌာနအကြီးအကဲမှ ဝိုင်းဝန်းကူညီပံ့ပိုးပေး ရမည်ဖြစ်သည်။ ဝန်ထမ်းအသစ် လုပ်နိုင်စွမ်းရည်ကို အကဲဖြတ်ရန် ၎င်းဌာနအကြီးအကဲ သို့မဟုတ် တိုက်ရိုက်အုပ်ချုပ်သော ကြီးကြပ်‌‌‌ရေးမှူး ကသာ အဓိက တာဝန် ရှိမည်ဖြစ်သည်။

၂၅။ဝန်ထမ်းအချင်းချင်း အုပ်စုဖွဲ့ခြင်း ၊ အုပ်စုဖွဲ့ပြီး အခြားဝန်ထမ်းအား အနိုင်ကျင့်ခြင်း၊ တာဝန် ဝတ္တရားများ အား နှောင့်ယှက်ခြင်း မပြုလုပ်ရ။

အထက်ပါအချက်များကို ဝန်ထမ်းများအနေဖြင့် မပြုလုပ်ကြရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိရပါက ကြီးလေး သောပြစ်မှုမြောက်သည်ဖြစ်၍ ပထမဆုံးကျူးလွန်သည့် အခါတွင်ပင် အလုပ်တာဝန်မှ ထုတ်ပယ်သည် အထိ အရေး ယူခြင်း ခံရမည်ဖြစ်သည်။

( ၈.၂ ) အလုပ်တတ်/ဆင်း လက်မှတ်ထိုးခြင်းဆိုင်ရာ စည်းကမ်းများ

( ကုမ္ပဏီ လုပ်ဆောင်မှု အခြေအနေပေါ်မူတည် ပြီးရေးမည်)

(၈.၃) ဝန်ထမ်းစိစစ်ရေးကတ်ပြား ဆိုင်ရာ စည်းကမ်းများ

၁။ဝန်ထမ်းစိစစ်ရေးကတ်ပြားများကို People Management Department ဌာမှ ထုတ်ပေးမည်ဖြစ်သည်။

၂။ကတ်ပြားကို လုပ်ငန်းခွင်စတင်ချိန်မှ ပြီးဆုံးချိန်အထိ အမြဲတမ်း ဆွဲထားရမည်။ မြင်သာအောင် ရင်ဘတ် တွင် ချိတ်ဆွဲရမည်။ ချိတ်ဆွဲထားခြင်းမရှိပါက ဒဏ်ကြေးများအား အောက်ပါအဆင့်များ အလိုက် သတ်မှတ် ပေး‌ဆောင်စေမည်ဖြစ်သည်။

က။တစ်ကြိမ်ပျက်ကွက်ပါက ငါးထောင်ကျပ် အား ဒဏ်ကြေးအဖြစ် ပေးဆောင် ရမည်။

ခ။နှစ်ကြိမ်ပျက်ကွက်ပါက ထပ်မံ၍ တစ်သောင်းကျပ် အား ဒဏ်ကြေးအဖြစ် ပေးဆောင် ရမည်။

ဂ။သုံးကြိမ် ပျက်ကွက်ပါက ထပ်မံ၍ နှစ်သောင်းကျပ် အား ဒဏ်ကြေးအဖြစ် ပေးဆောင် ရမည့် အပြင် စည်းကမ်းချက်လိုက်နာမှု အားနည်းသည်ဟု မှတ်ချက်ပြု၍ ဝန်ခံကတိ လက်မှတ်‌ရေးထိုး စေပါမည်။

ဃ။ထပ်မံပျက်ကွက်ပါက လုပ်ငန်းတာဝန်မှ ဆိုင်းငံသည်အထိ အပြစ်ပေးအ‌ရေး ယူမည် ဖြစ်သည်။

၃။ကတ်ပြားပျောက်ဆုံး၊ ပျက်စီးခဲ့သော် People Management Department သို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပြီး မူလ တန်ဖိုး၏ နှစ်ဆ ပေးလျော်ရမည်ဖြစ်သည်။

၄။ကတ်ပြားသည် လုပ်ငန်းခွင်ဧရိယာအတွင်း အသုံးပြုရန် အတွက်သာဖြစ်ပြီး လုပ်ငန်းပြင်ပတွင် အခြား သောရည်ရွယ်ချက်ဖြင့်အလွဲသုံးခြင်းအား ပြင်းထန်စွာတားမြစ်ပြီး ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်။တစ်ဦးနှင့်တစ်ဦး လွှဲပြောင်းခြင်း မပြု ရ။ အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုးသက် ‌ရောက်မှုအပေါ်မူတည်၍ သေးငယ်သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း စဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

(၈.၄) Social Media အသုံးပြုမှုဆိုင်ရာ စည်းကမ်းများ

၁။ကုမ္ပဏီမှစီစဉ် ပံ့ပိုးထားသော ကွန်ပျူတာနှင့် စနစ်အမျိုးမျိုးတို့သည် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်တာ များ ဆောင်ရွက်ရာတွင် မြန်ဆန်ချောမွေ့စေရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့် အလုပ်ချိန်အတွင်း ကုမ္ပဏီမှ ပံ့ပိုးထားသော ကွန်ပျူတာအား အသုံးပြု၍ မိမိ၏ ကိုယ်ကျိုးအတွက် လူမှုကွန်ယက်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များရေးသား ဖော်ပြခြင်း၊ ကိုယ်ပိုင် ဘလော့ဂ်(Blog)များ တည်ဆောက်ခြင်းများကို လုံးဝခွင့်ပြုမည် မဟုတ်ပါ။

၂။ကုမ္ပဏီမှ စီစဉ်ပေးထားသော EMail ဖြင့် တခြား Social Media နှင့် Website များတွင် Account ဖွင့်ခြင်း၊ Register ပြုလုပ်ခြင်း၊ အထက်လူကြီး၏ ခွင့်ပြုချက်မရှိဘဲ မိမိသဘောဆန္ဒဖြင့် Third Party များအား EMail ပေးပို့ခြင်းများ လုံးဝမပြုလုပ်ရ။

၃။လူမှုကွန်ယက်တွင် ရေးသားဖော်ပြသော အကြောင်းအရာ၊ သတင်းအချက်အလက်၊ ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင် တို့သည် ကုမ္ပဏီနှင့်သက်ဆိုင်သော လျှို့ဝှက်အပ်သောသတင်းများ ကုန်သွယ်မှုလျှို့ဝှက်ချက်များ ကုမ္ပဏီ၏ လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သည့် စက်ကိရိယာပစ္စည်းနှင့် အချက်အလက်များဖြစ် နေပါက မည့်သည့်အကျိုးခံစားခွင့်မှ မရရှိပဲ အလုပ်မှ ရပ်စဲခြင်းခံရမည်။

၄။ဝန်ထမ်းများသည် မိမိ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြသည့် အကြောင်းအရာများ မှာ ကုမ္ပဏီ၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်း (သို့) စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ လူကြီး များအား မထီမဲ့မြင် ပြုသကဲ့သို့ဖြစ်ခြင်း (သို့) ဝန်ထမ်းအချင်းချင်း ဂုဏ်သရေ ညှိုးနွမ်းစေခြင်း (သို့) လုပ်ငန်းခွင် အတွင်း အဖွဲ့အစည်း စိတ်ဓာတ်ကို ပျက်စီးစေခြင်း (သို့) စွမ်းဆောင်ရည် ကျဆင်းစေခြင်း စသော ရေးသား ဖော်ပြ ချက်များ ဖြစ်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည် ဖြစ်သည်။

၅။ဝန်ထမ်းများသည် အလုပ်ချိန်အတွင်း ကုမ္ပဏီဖုန်းဖြင့်သော်လည်းကောင်း မိမိကိုယ်ပိုင်ဖုန်းဖြင့် သော် လည်းကောင်း လူမှုကွန်ယက်စာမျက်နှာများ ကြည့်ရှုခြင်း။ ဂိမ်းကစားခြင်း၊ ဖုန်းပြောခြင်း (အရေးကြီး သောကိစ္စရပ်များမှအပ) ၊ ကိုယ်ရေးကိုယ်တာ ဗွီဒီယို(Call)ပြောခြင်းများအား ခွင့်မပြုပါ။

အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုးသက်‌ ရောက်မှုအပေါ်မူတည်၍ သေးငယ်သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

(၈.၅) ကုမ္ပဏီပိုင်ပစ္စည်းများအသုံးပြုခြင်း / ထိန်းသိမ်းခြင်း

၁။ဝန်ထမ်းသည် ၄င်း၏ကြီးကြပ်မှုအောက်တွင် တည်ရှိသော ကုမ္ပဏီပိုင် ပစ္စည်းကိရိယာများ၊ စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များ အပါအဝင် ကုမ္ပဏီပိုင်ဆိုင်သည့် ပစ္စည်းများ၏ လုံခြုံမှုအတွက် အချိန်ပြည့် ဂရုစိုက် စောင့်ရှောက်ရန် တာဝန်ရှိသည်။

၂။ကုမ္ပဏီမှ လုပ်ငန်းလိုအပ်ချက်အရ အသုံးပြုရန် ရည်ရွယ်ပြီး ထုတ်ပေးထားသော Laptop နှင့် Telephone များ၊ ၄င်းတို့နှင့် စပ်ဆက်ပစ္စည်းများကို တာဝန်ယူမှု အပြည့်အဝဖြင့် စည်းကမ်းတကျ ကိုင်တွယ်အသုံးပြုရမည်။

၃။ကုမ္ပဏီမှပိုင်ဆိုင်သည့် မည်သည့်သတင်း အချက်အလက်မဆို လျှို့ဝှက်သတင်းအဖြစ် သိမ်း ဆည်းထားရမည်ဖြစ်ပြီး မည်သည့် ပြင်ပအဖွဲ့အစည်းကိုမဆို ဖွင့်ဟပြောဆိုခြင်းမပြုရ။ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထုတ်ပြန်ပေးသည့် သတင်းအ ချက်အလက်များသည် ပြင်ပသို့ ထုတ်ဖော်ပြောဆိုခွင့် မရှိသည့် လျှို့ဝှက်သတင်းအချက် အလက်များ အဖြစ်သတ်မှတ်သည်။ အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိပါက ပြစ်မှု၏အကျိုးသက်ရောက် မှုအပေါ်မူတည်၍ သေးငယ်သောပြစ်မှု (သို့) ကြီးလေးသော ပြစ်မှု အနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။

( ၈.၆ ) ထိပါးနှောက်ယှက်မှုဆိုင်ရာ စည်းကမ်းများ

ကုမ္ပဏီသည် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်း၊ ဥပဒေနှင့်မညီသော ထိပါးနှောက်ယှက်ခြင်းမှ ကင်းလွတ် ရန် သဘောထားရှိသည့်အပြင် ဝန်ထမ်းအချင်းချင်း ဆက်ဆံရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား မှုများ အခြေခံ၍ မိမိ၏တာဝန်ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ရမည် ဖြစ်သောကြောင့် အောက်ပါ အချက် များကို အထူးသတိပြု၍ ရှောင်ကြည်ရမည်။

၁။၀န်ထမ်းများအချင်းချင်းသည် ရာထူး၊ အသက်၊ လူမျိုး၊ ဘာသာ၊ ယောကျ်ားမိန်းမ၊ အဆင့်အတန်း၊ ခွဲခြား ဆက်ဆံခြင်း မရှိရပါ။ ဝန်ထမ်းတစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်မှုဖြင့် အပြန်အလှန် လေးစားစွာ ဆက်ဆံရမည် ဖြစ်သည်။

၂။ဝန်ထမ်းအချင်းချင်း တစ်ဦးပေါ်တစ်ဦး ဟန့်တားနှောက်ယှက်ခြင်း၊ စိတ်ဓာတ်ရေးရာ ပျက်ပြားအောင် ထိုးနှက်တိုက်ခိုက်ခြင်း၊ စိတ်ဓာတ်ကျဆင်းအောင် ပြုလုပ်ခြင်းစသည့် မလိုလားအပ်သော ကျင့်ကြံ နေထိုင်မှုများ မပြုလုပ်ရ။

၃။လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်းတို့ကို တားမြစ်ပါသည်။

၄။အမျိုးသမီး ဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းစေသော ကိုယ်နှုတ်အပြုအမူများကို ပြုလုပ်ခြင်း များကို ရှောင်ကြဉ်ရမည်။

၅။လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ကာယိန္ဒြေ ပျက်စီးစေနိုင်သော အပြုအမူ၊ အပြောအဆို၊ အနေ အထိုင် ၊ မဆီလျော်သည့် နောက်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ အားနည်းချက်များကို ဟာသ အဖြစ် လှောင်ပြောင်ခြင်းများ လုံး ဝမပြုလုပ်ရပါ။

၆။လူတစ်ဦးချင်းစီ၏ လူမျိုး၊ အကျင့်သိက္ခာ၊ အသက်၊ ဘာသာ၊ လိင်ပိုင်းဆိုင်ရာ၊ အခြားတို့ကို အခြေခံသော အပြုအမူ၊ စကားလုံး ၊ နောက်ပြောင်မှု ၊ ဝေဖန်ပြောဆိုမှု များကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။

၇။အကယ်၍ဝန်ထမ်း ကိုယ်တိုင်သော်လည်းကောင်း၊ အခြားဝန်ထမ်းတစ်ဦးဦး သော်လည်းကောင်း အထက်ပါ ထိပါးနှောက်ယှက်မှု တစ်စုံတစ်ရာ ခံရသည်ဟုသိလျှင် (သို့) သံသယဖြစ်လျှင် (သို့) ဖြစ်နိုင်ဖွယ် ရှိနိုင်သည်ဟု ယူဆမိလျှင် ၎င်း၏ကြီးကြပ် သူမန်နေဂျာ (သို့မဟုတ်) People Management Department သို့ အကြောင်းကြားရမည်။ ထိုသို့ အကြောင်း ကြားခြင်းဖြင့် ၎င်းအဖြစ်အပျက်ကို အချိန်မီလျို့ဝှက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မည် ဖြစ်သဖြင့် ကြောက်ရွံခြင်း မရှိပဲ အသိပေးတိုင်ကြားနိုင်သည်။

၈။အဆိုပါကိစ္စရပ်တစ်ခုခုအား ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါကအရေးယူခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အတိုင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။

အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုးသက်‌ရောက်မှုအပေါ်မူတည်၍ သေးငယ် သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

(၈.၇) လုပ်ငန်းခွင်အတွင်း ဝတ်စားဆင်မှုနှင့် ကိုယ်အမူအယာဆိုင်ရာ စည်းကမ်းများ

၁။တာဝန်ချိန်တွင် တူညီဝတ်စုံဝတ်ရန်အတွက် အမြဲတမ်းဝန်ထမ်းများအတွက် Uniform (၃) စုံ ထုတ်ပေး မည်။ အသစ်ထုတ်ပေးခြင်းကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ပေးသွားမည်။

၂။အကယ်၍ Uniform မရသေးပါက အစမ်းခန့်ဝန်ထမ်းများသည် လုပ်ငန်းခွင်နှင့်သင့်လျော်သော အဝတ်အစားများကိုသာ ဝတ်ဆင်ရမည်။

၃။အမျိုးသားဝန်ထမ်းများ Quarter Pant များ ဝတ်ဆင်ခြင်း၊ ဘောင်းဘီအသားများ ဆုတ်ဖြဲထားသည့် အပေါက်ပါ ဘောင်းဘီများ ဝတ်ဆင်ခြင်း၊ အမျိုးသမီးဝန်ထမ်းများ ဒူးအထက် စကပ်နောက်ကွဲ၊ ဒူးအထက် ဘေးကွဲများ၊ သရုပ်ပျက်အဝတ်အစားများ မဝတ်ဆင်ရ။

၄။ဝန်ထမ်းအားလုံးသည် သရုပ်ပျက်လောက်သော ဆံပင်ဆေးဆိုးခြင်း၊ သရုပ်ပျက်လောက်သော ဆံပင်ပုံစံ ထားရှိခြင်း မပြုလုပ်ရပါ။

၅။အမျိုးသားဝန်ထမ်းများ နားပေါက်ဖောက်ခြင်း၊ နားကပ်ဝတ်ဆင်ခြင်းများ မပြုလုပ်ရပါ။

၆။လုပ်ငန်းခွင်နှင့်သင့်လျော်သော ဝတ်စားဆင်ယင်မှု ဟုတ်ခြင်း၊ မဟုတ်ခြင်းအား တိုက်ရိုက်ကြီးကြပ်သူ သို့မဟုတ် ဌာနအကြီးအကဲ သို့မဟုတ် People Management ဌာနမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

၇။ရုံးတက် ရက်များအားလုံးတွင် ယူနီဖောင်းအား သန့်ရှင်းသပ်ရပ်စွာနှင့် စနစ်တကျ ဝတ်ဆင်ကြ ရမည်။

၈။တာဝန်ချိန်ပြင်ပနှင့် လုပ်ငန်းနှင့်မသက်ဆိုင်သော နေရာများတွင် ယူနီဖောင်း ဝတ်ဆင်ခြင်း၊ ယူနီဖောင်း ဝတ်ဆင်ထားပြီး Club များ Bar များ သွားရောက်ခြင်း၊ ရုံးပြင်ပတွင် သရုပ်ပျက်ပြောဆို၊ ပြုမူခြင်းအား မပြုလုပ်ရ။ ပြုလုပ်ခဲ့ပါကပြစ်မှု၏အတိမ်အနက်ပေါ်မူတည်၍ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ် အရ အရေးယူမည်ဖြစ်သည်။

၉။ဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်သော စည်းကမ်းလိုက်နာခြင်းများအတွက် နှစ်စဉ်ဝန်ထမ်း စွမ်းဆောင် ရည် အကဲဖြတ်ခြင်း တွင် ထည့်သွင်းအကဲဖြတ်သွားပါမည်။

အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုး သက်‌ရောက်မှုအပေါ်မူတည်၍ သေးငယ် သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

(၈.၈) လုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားမှု

၁။ကုမ္ပဏီမှ ဝန်ထမ်းကို သော်လည်းကောင်း၊ ဝန်ထမ်းအချင်းချင်းသော်လည်းကောင်း လုပ်ငန်းခွင် အတွင်း အကြမ်းဖက်မှုကိစ္စများ ဖြစ်သည့် မတရားခိုင်းစေမှုများ၊ အတင်းအကြပ်အဓမ္မစေခိုင်းမှုများ၊ ကိုယ်ထိ လက်ရောက်ကျူး လွန်ခြင်းများ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်စေမှုများ၊ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေနိုင်သည့် အပြုအမူ၊ အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရမည်။

၂။ဝန်ထမ်းတစ်ဦးသည် အခြားဝန်ထမ်းတစ်ဦးအား အကျင့်စာရိတ္တ ပျက်ပြားစေရန်ဖြစ်စေ၊ အလုပ် စည်းကမ်းချက် များကို ဆန့်ကျင်စေရန် ဖြစ်စေ၊ ကုမ္ပဏီနှင့်ဝန်ထမ်းများအကြား / ဝန်ထမ်း အချင်းချင်း ကြား အထင်အမြင် လွဲမှားစေ ရန် ဖြစ်စေ၊ သွေးကွဲ ရန်ဖြစ်စေ သွေးထိုးလှုံ့ဆော်ခြင်း မပြု ရ။

၃။အဆိုပါကိစ္စရပ်တစ်ခုခုအား ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက ကြီးလေးသော ပြစ်မှု အနေဖြင့် သတ်မှတ် ပြီး စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည် ဖြစ်သည်။

(၈.၉) လုပ်ငန်းခွင်အတွင်းချစ်ကြိုက်ခြင်း/အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်သည့်လိုက်နာရမည့် စည်းကမ်းများ

ရည်ရွယ်ချက် (Purpose)

လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းအချင်းချင်း (လိင်တူချင်း/လိင်ကွဲ) ချစ်ကြိုက်ခြင်း/အိမ်ထောင်ပြုခြင်းနှင့် ပတ်သက် ၍ ကုမ္ပဏီမှသတ်မှတ်ထားသည့် စည်းကမ်းများအား သိရှိပြီး လေးစား လိုက်နာစေရန် ရည်ရွယ် ပါသည်။

၁။ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦးအကြား လေးစားစွာဆက်ဆံရန်နှင့်တစ်ဦး၏တာဝန် ဝတ္တရားများ အား တစ်ဦးမှ အနှောက်အယှက်မဖြစ်စေရပါ။

၂။မိမိအားပုဂ္ဂိုလ်ရေးဆိုင်ရာ အနှောက်အယှက်ဖြစ်စေမည့်စကားများ ပြောဆိုလာခြင်း၊ ထိုအကြောင်း အရာကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်နှောက်ယှက်မှုများဖြစ်လာပါက မိမိ၏အထက်လူကြီးနှင့် People Management ဌာနအား အကြောင်းအကြားရမည်။

၃။ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်ခြင်းကြောင့်-

(က)မိမိတို့အား ပေးအပ်ထားသော တာဝန်ကို ထိခိုက်စေခြင်း၊ လုပ်ငန်းပြီးစီးမှုကို နှောင့်နှေးစေခြင်း မပြုရပါ။

(ခ)တစ်ဦးနှင့်တစ်ဦး၏ လုပ်ငန်းနှင့်ပတ်သက်သော စီမံခန့်ခွဲမှု၊ လုပ်ပိုင်ခွင့်များကို ဝင်ရောက် စွက်ဖက် ခြင်း မပြုရပါ။

(ဂ)ရင်းနှီးကျွမ်းဝင်မှုကို အကြောင်းပြု၍ လုပ်ငန်းတွင်ဘက်လိုက်ခြင်း၊ မမှန်ကန်သော စီမံခန့်ခွဲမှု ပြုစေခြင်း၊ မသမာမှုပြုခြင်း၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းများ မပြုလုပ် ရပါ။

(ဃ)ဌာနကွဲဖြစ်ပါက မိမိနှင့်ချစ်ကြိုက်နေသည့် ဝန်ထမ်းဌာနသို့ သွားရောက် လည်ပတ်အချိန် ဖြုန်းခြင်း မပြုရပါ။

(င)လုပ်ငန်းခွင်အတွင်း ကုမ္ပဏီ (သို့) မိမိ ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ဆင်ခြင်ရမည်။

(စ)ရုံးချိန်အတွင်း ပြင်ပသို့ ကိုယ်ရေးကိုယ်တာဖြင့် နှစ်ဦးအတူ သွားရောက်ခြင်း မပြုရပါ။

(ဆ)လုပ်ငန်းတာဝန်ကို ပစ်ပယ်၍ နှစ်ဦးသားချိန်းဆိုကာ ခွင့်ရက်ရှည်ယူခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အတူတကွပျက်ကွက်ခြင်းများ မပြုရပါ။

(ဇ)အချင်းချင်းကိုယ်ရေးကိုယ်တာပြဿနာကြောင့် လုပ်ငန်းခွင်ကို ထိခိုက်စေခြင်း၊ ခိုက်ရန်ဖြစ်ပွား ခြင်း၊ တာဝန်ထိခိုက်စေခြင်းများ ရှောင်ကြဉ်ရမည်။

(ဈ)ရုံးချိန်ပြင်ပလုပ်ငန်းခွင်အတွင်း၊ရုံးခန်းအတွင်းအလုပ်ကိစ္စမရှိဘဲ ချိန်းဆိုနေထိုင်ခြင်းလုံးဝ မပြုရပါ။

(ည)လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ကျူးလွန်ခြင်းများ လုံးဝ မပြုရပါ။

(ဋ)အိမ်ထောင်ရှိသူအချင်းချင်း (သို့) အိမ်ထောင်ရှိသူနှင့် မရှိသေးသူများ လုပ်ငန်းခွင်အတွင်း ဖောက်ပြန်ခြင်းအား အထူးရှောင်ကြဉ်ရမည်။

(ဌ)လုပ်ငန်းခွင်အတွင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များရှေ့တွင် မသင့်လျော်သော အပြုအမူများ မပြုလုပ်ရပါ။

(ဍ)မိမိတာဝန်ထမ်းဆောင်နေသောဌာနရှိလျှို့ဝှက်အပ်သော အကြောင်း အရာ၊ သတင်းအချက် အလက်များကို အချင်းချင်း မ ဖလှယ်ရပါ။

(ဎ)ကုမ္ပဏီတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် အချင်းချင်း အိမ်ထောင်ပြုခဲ့ပါက ဝန်ထမ်း တစ်ဦးသည် ကုမ္ပဏီမှ နှုတ်ထွက်ပေးရမည်။

အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုး သက်‌ရောက်မှုအပေါ်မူတည်၍ သေးငယ် သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

( ၈.၁၀ ) လုပ်ငန်းခွင် လုံခြုံရေး

၁။လုပ်ငန်းခွင် လုံခြုံရေးအတွက် လုပ်ငန်းချိန်ပြီးစီးပါက အရေးကြီးစာရွက်/စာတမ်းဖိုင်များကို သော့ခတ် သိမ်းဆည်းရမည်။

၂။လုပ်ငန်းခွင်မှ မထွက်ခွာမီ လျှပ်စစ်မီးများ၊ ရေပိုက်ခေါင်းများ၊ တံခါးများ၊ ပြတင်းပေါက်များ၊ အံဆွဲများ ကိုသေချာစွာ ပိတ်ခဲ့ရမည်။ ပြန်လည်စစ်ဆေးရမည်။

၃။လုပ်ငန်းခွင်အတွင်းသို့ လုပ်ငန်းနှင့်မသက်ဆိုင်သူ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခေါ်ဆောင်ခြင်း၊ မိမိလုပ်ငန်း အား လေ့လာစေခြင်းကို ခွင့်မပြုပါ။

၄။ဝန်ထမ်းများသည် ကန့်သတ်လုပ်ငန်းခွင်အတွင်းသို့ ဆေးလိပ်၊ မီးခြစ်နှင့် အသက်အန္တရာယ် ဖြစ်စေနိုင်သော အရာ များ ယူဆောင်ခွင့်မပြုပါ။

၅။ဧည့်သည်များ အားလုံးသည် ကုမ္ပဏီအဆောက်အအုံအတွင်း ဝင်ရောက်ပါက “ဧည့်သည် ဝင်ရောက်မှု မှတ်တမ်း”(Visitor Record Registration) ပြုလုပ်ပြီး ဧည့်ခန်းတွင် စောင့်နေရမည်ဖြစ်သည်။

၆။ဝန်ထမ်းနှင့်ဧည့်သည်တို့၏ အစည်းအဝေး ဆွေးနွေးချက်များအား အစည်းအဝေးခန်းနှ င့်ဧည့်ခန်းတွင် လုပ်ရန် သာ ခွင့်ပြုမည်။

၇။ဧည့်သည်များ ကုမ္ပဏီ ဝန်းအတွင်း ခွင့်ပြုချက်မရှိပဲ လှည့်လည် သွားလာခွင့်မပြုပါ။

၈။အလုပ်ချိန် အတွင်းသာ လာခွင့်ရှိပါသည်။

၉။အလုပ်ချိန်ပြင်ပတွင် လာရန်ရှိပါက သက်ဆိုင်သည့်ဝန်ထမ်းမှ တိုက်ရိုက်ကြီးကြပ်သူ (သို့)ဌာနမှူး အား ကြိုတင် အကြောင်းကြား ရမည်။

၁၀။ထိုသို့သော အခြေအနေတွင် အနည်းဆုံး ဝန်ထမ်း နှစ်ဦး ရှိရမည်။

၁၁။ဧည့်သည်များ သည် အလုပ်ချိန်ကျော်လွန်သည်အထိ ရုံးတွင် နေခွင့်မရှိပါ။

၁၂။ဝန်ထမ်းများသည် ကုမ္ပဏီတွင် ဝန်ထမ်းမဟုတ်သည့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် မျက်နှာစိမ်းများ လာရောက်ခွင့် မပြုပါ။

အထက်ပါအချက်များကို ပြုလုပ်သည်ကို တွေ့ရှိရပါက ပြစ်မှု၏အကျိုး သက်‌ရောက်မှု အပေါ်မူတည်၍ သေးငယ် သောပြစ်မှု သို့မဟုတ် ကြီးလေးသောပြစ်မှုအနေဖြင့် သတ်မှတ်ပြီး စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတိုင်း ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ( Disciplinary Procedure)

ရည်ရွယ်ချက် (Purpose)

ကျင့်ဝတ်စည်းကမ်းကို သတ်မှတ်ထားခြင်းမှာ ဝန်ထမ်းများအား အပြုအမူ၊ သဘောထားများ နှင့် လုပ်ကိုင်ဆောင်ရွက်မှုများအား ပြောင်းလဲရန် တွန်းအားပေးရုံသာမကပဲ မှန်ကန်မှုကိုလည်း ရည်ရွယ်ပါသည်။

မူဝါဒ

၁။စည်းကမ်းကို ဖောက်ဖျက်သည့် အခါတွင်ဖြစ်စေ၊ သတ်မှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှု မရှိသည့် အခါတွင် ဖြစ်စေ စည်းကမ်းထိန်းသိမ်း အရေးယူရန် လိုအပ်သည်။

၂။သတ်မှတ်ထားသော စည်းကမ်းများ အပါအဝင် အခါအားလျော်စွာ သတ်မှတ်ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်းများကို ကျူးလွန်ဖောက်ဖျက်သူ ဝန်ထမ်းများအား အောက်ပါ လုပ်ထုံးလုပ်နည်းများနှင့် အညီ မျှတစွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

၃။သတ်မှတ်ထားသော စည်းကမ်းချက်များတွင် မပါဝင်သော အခြားပြစ်မှုကို ကျူးလွန်ခဲ့ပါက လည်း ၄င်းပြစ်မှု၏ အတိမ်အနက်ပေါ် မူတည်၍ သတ်မှတ်အရေးယူမည် ဖြစ်သည်။

လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း

ပြစ်မှုအမျိုးအစား

ပြစ်ဒဏ်အမျိုးအစား

သာမာန်ပြစ်မှု

ပထမ အကြိမ် နှုတ်ဖြင့် သတိပေးခြင်း။

ဒုတိယ အကြိမ် စာဖြင့် သတိပေးခြင်း။

နောက်ဆုံး အကြိမ်စာ ဖြင့်ပြင်းထန်စွာ သတိပေးခြင်း/ခံဝန်လက်မှတ်ထိုးစေခြင်း။

ထပ်မံကျူးလွန်ပါက နစ်နာကြေးမပါဘဲ အလုပ်မှ ထုတ်ပယ်မည်။

ကြီးလေးသောပြစ်မှုနစ်နာကြေးမပါပဲ အလုပ်မှ ချက်ချင်း ထုတ်ပယ်မည်။

အခန်း(၉)

အတည်ပြု သက်‌ရောက်ခြင်း

၁။ပြဌာန်းချက်များသည် တည်ဆဲဥပဒေများ၊ မူဝါများ ၊ လုပ်ထုံးလုပ်နည်းများ မပြောင်းလဲသရွေ့ အတည်ဖြစ်သည်ဟု မှတ်ယူရမည်။

၂။ပြဌာန်းချက်များကို ပြောင်းလဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ၊ ရုတ်သိမ််းခြင်း များကို Director ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၃။ဤပြဌာန်းချက်သည် ၂၀၂၄ ပြည်နှစ်၊ ဒီဇင်ဘာလ၊ (၂၅)ရက်နေ့ မှ စတင် အတည်ပြုသက်ရောက်သည်။

https://drive.google.com/drive/u/1/folders/15zqg2Bf27bM5qiZGIQXkXDa1RtywWhLm